ဓာတ်ပုံရိုက်တဲ့အခါ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမရှိ ဘယ်လိုခွဲခြားနိုင်လဲဆိုတော့ မျက်လုံးအကြည့်၊ ကိုယ်နေဟန်ထားတွေနဲ့ ခွဲခြားနိုင်ပါတယ်။ သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ဓာတ်ပုံထဲ လှချင်တယ်ဆိုရင်တော့ ပို့စ်ပေးနည်းတွေကို လေ့လာပြီး များများ လေ့ကျင့်သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆွဲဆောင်မှု အပြည့်နဲ့ ယုံကြည်မှု ရှိရှိ ပို့စ်ပေးနိုင်ဖို့ လေ့လာနိုင်မယ့် ပုံရိပ်တွေကို ဖော်ပြပါရစေ။

၁။ သင့်လက်နှစ်ဘက်ကို ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ကာ ခေါင်းလေးကို စောင်းပြီး ခပ်မိုက်မိုက်လေး ပို့စ်ပေးနိုင်ပါတယ်။

၂။ ယုံကြည်မှု ရှိတဲ့ ပုံစံကို ဓာတ်ပုံထဲ ပေါ်လွင်ချင်ရင် နေကာမျက်မှန်က ကူညီပေးပါလိမ့်မယ်။ နေကာမျက်မှန်ကို ကိုင်နေတဲ့ပုံစံလေး လုပ်နိုင်ပါတယ်။

၃။ ရှေ့က အအေးဘူး၊ ဒါမှမဟုတ် ကင်မရာ၊ ပစ္စည်း တစ်ခုခုကိုင်ပြီး ပို့စ်ပေးတာက သဘာဝကျပြီး လှပါတယ်။

၄။ ကင်မရာကို မကြည့်ဘဲ ယုံကြည်မှု ရှိရှိ လှချင်တယ်ဆိုရင် မေးထောက်ကာ ဂရုမစိုက်တဲ့ ပုံစံလေးနဲ့ တခြားဘက် ကြည့်နေနိုင်ပါတယ်။

၅။ ဆံပင်ကို ဖွထားကာ ခေါင်းလေး မော့ပြီး ပို့စ်ပေးရင်လည်း ယုံကြည်မှုရှိတဲ့ ပုံစံလေး ရပါလိမ့်မယ်။

၆။ ခြေထော​က် နှစ်ဘက်ကို ရှေ့နောက် အနေအထားမတူဘဲထားကာ လက်တစ်ဘက် မြှောက်နေတာက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့လှပါတယ်။

၇။ လက်ကို အငြိမ်မထားဘဲ တစ်ခုခု ကိုင်ထားပြီး ခေါင်းလေးစောင်းပြီး ဘေးဘက်ကြည့်နေတာက ချစ်ဖို့ကောင်းပါတယ်။

၈​။ ခြေထောက်ကို ခုံပေါ်တင်ပြီး ဒူးထောင်ထားကာ လက်ကို အလယ်မှာ ထားတာက ပေါ့ပါးပြီး ယုံကြည်မှု ရှိတဲ့ပုံစံ ရစေပါတယ်။

၉။ Makeup Look ကို အလှဆုံးပြင်ထားကာ ဓာတ်ပုံရိုက်တဲ့အချိန် တံတောင်ကို နောက်ဘက် မှီထားမယ်ဆိုရင် ထိုင်တဲ့ ပုံစံလိုပဲ သက်သောင့်သက်သာ ရှိပြီး ချစ်ဖို့ကောင်းပါတယ်။

၁၀။ ထိုင်ခုံပေါ်မှာ ထိုင်မယ်ဆိုရင် ဒီပုံစံလေးက ဆွဲဆောင်မှုရှိပြီး လှပါတယ်။

၁၁။ ယုံကြည်မှု ရှိရှိ ပို့စ်ပေးနိုင်ဖို့ သင့်ရဲ့ ဖက်ရှင်ဝတ်ဆင်ပုံကိုလည်း ဂရုတစိုက် ရှိသင့်ပါတယ်။

၁၂။ ဘေးမှာ နံရံရှိတယ်ဆိုရင် ဒါကို လက်တင်ပြီး ခြေထောက်လေးကို ကွေးထားတာက ဆွဲဆောင်မှုရှိရှိနဲ့ ကြည့်လို့လှပါတယ်။

Photo Source: Pinterest

By MyStyle Myanmar