ဗိုက်ပူတာကိုတော့ မိန်းကလေးတွေကြား အတွေ့များပါတယ်။ တစ်ခုခု စားပြီးတာနဲ့ ဗိုက်ကလေး ထွက်လာမှ ဗိုက်တင်းတယ်လို့ ခံစားရတတ်ပါတယ်။ ဗိုက်ပူတာ၊ ဗိုက်ထွက်တာက မိန်းကလေးတိုင်းလိုလို ဖြစ်ဖူးတာမို့ ဒီအတွက် အားငယ်စရာမလိုပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကို လက်ခံပြီး ဘယ်လိုဝတ်မလဲ ပဲ စဉ်းစားသင့်ပါတယ်။ ဗိုက်ပူတတ်တဲ့ မိန်းကလေးတွေမှာ ကြုံရတတ်တဲ့ အခက်အခဲတစ်ခုကတော့ အပြင်သွားခါနီး အင်္ကျီဝတ်တဲ့အချိန်ပါ။ ဝတ်လိုက်တိုင်း ဗိုက်ကလေး ထွက်နေတာကြောင့် စိတ်ညစ်ရပါတယ်။ ဘောင်းဘီကျပ်နေလို့ မဝတ်ရတော့တာတစ်မျိုးနဲ့ တော်တော် စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ဒီတော့ ဗိုက်ခေါက်ထွက်တတ်တဲ့ မိန်းကလေးတွေ နောက်တစ်ခါ စိတ်မညစ်ရလေအောင် ဘယ်လိုဝတ်ရမလဲ ကြည့်လိုက်ရအောင်နော်-

Layer, Layer, Layer

အပြင်ထပ်အင်္ကျီတွေက ဗိုက်ပူတတ်တဲ့ မိန်းကလေးတွေ၊ ခါးဘေးအဆီရှိတဲ့ မိန်းကလေးတွေ အတွက် မရှိမဖြစ်ပါပဲ။ Crop ဝတ်ရင်တောင် ဘေးထပ်အင်္ကျီဝတ်လိုက်တဲ့အခါ ဗိုက်ပူတာ မသိသာတော့ပါဘူး။

တခြားနေရာတွေကို အသားပေးပါ

ဗိုက်ပူတဲ့ပျိုမေတွေအနေနဲ့ ဗိုက်ကို အသားပေးတဲ့ ခါးတိုအင်္ကျီမျိုးကို ရှောင်သင့်ပါတယ်။ ဗိုက်ပူတာကို မသိသာစေတော့မယ့် နည်းလမ်းတွေထဲမှာ အင်္ကျီအရောင်တောက်ကို တစ်ကိုယ်လုံးစာ ဆင်ပေးတာ၊ ခါးပတ်ပတ်ပေးတာ စတာတွေ ပါဝင်ပါတယ်။

အင်္ကျီပွပွတွေ ဝတ်ပါ

Oversized Tee တွေ၊ အပေါ် အင်္ကျီအပွတွေက သင့်ကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖြစ်စေပြီး ဗိုက်ပူတာကို မသိသာစေတော့ပါဘူး။

အနက်ရောင်

အနက်ရောင်က လူကို ပိုပိန်တယ် ထင်ရစေပါတယ်။ ဗိုက်ပူတတ်တဲ့ မိန်းကလေးတွေအနေနဲ့ အနက်ရောင်အင်္ကျီတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။

အထဲက ဗိုက်ချပ်ဘောင်းဘီဝတ်ပါ

ဗိုက်ချပ်သွားစေမယ့် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတဲ့ ဘောင်းဘီတွေ အများအပြား ရှိပါတယ်။ သင်က အင်္ကျီကိုယ်ကျပ်ဝတ်မယ်ဆိုရင် ဒီလိုဘောင်းဘီတွေကို ဝတ်သင့်ပါတယ်။

ဂျင်းဘောင်းဘီဝတ်တဲ့အခါ

ဂျင်းဘောင်းဘီကို သင့်ချက် အပြုတ် ဘောင်းဘီမဟုတ်ဘဲ ခါးရှည်ဘောင်းဘီတွေ၊ ချက်နေရာကို အုပ်တဲ့ ဘောင်းဘီရှည်မျိုးကို ရွေးသင့်ပါတယ်။ ခါးရှည်ဘောင်းဘီတွေက ခါးကို စုတင်ပေးသလို ဖြစ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar