မိန်းကလေးတွေအနေနဲ့ ကိုယ့်မျက်နှာနဲ့အမြဲထိတွေ့နေရတဲ့ Makeup Brush တွေကို မသန့်စင်ပေးပဲထားမယ်ဆိုရင်တော့ မျက်နှာမှာ ဝက်ခြံနဲ့ အဖုအပိန့်တွေ၊ အဆီဖုတွေ ထွက်လာနိုင်ပါတယ်။ Makeup Brush တွေက ဈေးကြီးတာတွေလည်းရှိတဲ့အတွက် တစ်လလောက်သုံးပြီး လွှင့်ပစ်မယ်ဆိုရင် အဆင်မပြေပါဘူး။ Makeup Brush တွေကို သန့်စင်တဲ့ဆေးရည်တွေ ရှိပေမယ့်လည်း ငွေအကုန်အကျသက်သာအောင် ဒီနည်းလမ်းလေးနဲ့မျှဝေပေးလိုက်ပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါမှာသုံးတဲ့ Makeup Brush လေးတွေကိုတော့ Chemical နည်းတဲ့ Baby Shampoo လေးနဲ့ သန့်စင်ပေးပါ။ လက်ဖဝါးထဲကို Baby Shampoo နည်းနည်းထည့်ပြီး Brush ကိုရေစွတ်ကာလက်ထဲမှာပဲပွတ်ပြီးသန့်စင်ပေးရပါမယ်။ မိတ်ကပ်အရောင်တွေကုန်သွားပြီဆိုရင်တော့ သန့်စင်သွားပြီဖြစ်လို့ ရေဆေးချတဲ့အခါမှာအရမ်းမပူတဲ့ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။

Eyeshadow Brush လေးတွေကိုတော့ ဆရာဝန်သုံးအရက်ပြန်နဲ့ သန့်စင်ပေးရမှာပါ။ မိတ်ကပ်ဖျက်တဲ့ ဂွမ်းဖတ်လေးထဲကိုအရက်ပြန်ထည့်ပြီး Brush လေးတွေကို Eye Shadow  တွေ ပြောင်သွားတဲ့အထိသန့်စင်ပေးပါ။

သန့်စင်ပြီးတဲ့ Brush လေးတွေကိုတော့ မျက်နှာသုတ်ပုဝါအသန့်လေးပေါ်မှာတင်ပြီးခြောက်သွားအောင် ထားထားလိုက်ပါ။ သဘာဝအတိုင်းပဲ ခြောက်အောင်ထားပေးပါ။ နေရောင်ရတဲ့နေရာလေးမှာ လှန်းထားလို့ရပေမယ့် နေပူထဲတော့ ထုတ်လှမ်းပြီးအခြောက်မခံပါနဲ့။ နောက်တစ်ခုကတော့ မြန်မြန်ခြောက်အောင် Dryer မှုတ်တာမျိုးတွေမလုပ်မိပါစေနဲ့။ Dryer ရဲ့အပူရှိန်ကြောင့် Brush အမွှေးနုလေးတွေ ပျက်စီးတတ်ပါတယ်။

ဒီနည်းလမ်းလေးတွေက မိန်းကလေးတိုင်းအတွက်အသုံးဝင်စေမှာ သေချာပါတယ်။