မျက်မှန်သမားတွေ အများဆုံးကြုံရတဲ့ ပြဿနာတစ်ခုက မှန်တွေ အကွက်ထခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မိုးရာသီမှာဆို မျက်မှန်မှာ မိုးရေစိုပြီး အကွက်ထတာ အဖြစ်များပါတယ်။ ဒါကြောင့် စိတ်ရှုပ်စရာကောင်းတဲ့ မျက်မှန်ပေါ်က အစွန်းအကွက်တွေကို ၅ မိနစ်အတွင်း ရှင်းလင်းနိုင်မယ့် နည်းလေးတွေ မျှဝေလိုက်ပါတယ်။

(၁) သန့်ရှင်းပေးပါ

အရင်ဆုံး မျက်မှန်ကို အနုစား Microfiber အဝတ်စလေး သုံးပြီး သန့်ရှင်းရေး လုပ်ရမှာပါ။ မျက်မှန်သုတ်တဲ့ Microfiber နဲ့ Lens Cleaner တို့ကို သုံးပြီး မျက်မှန်ပေါ်က ဖုန်နဲ့ အညစ်အကြေးတွေကို သန့်ရှင်းပေးရမှာပါ။

(၂) မှန်ဆေးရည် ဖော်စပ်ပါ

မှန်တွေ သန့်ရှင်းဖို့အတွက် အလွယ်ဆုံး မှန်ဆေးရည်ကို ကိုယ့်အိမ်မှာတင် လုပ်လို့ရပါတယ်။ ဒီအတွက် ရေနဲ့ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းနှစ်ဇွန်းစာပဲ လိုပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ရေကို ခပ်ပြစ်ပြစ်ဆေး Paste ရအောင် ဖျော်ထားပါ။

(၃) မျက်မှန်ပေါ် သုတ်ပါ

ဒီ Paste ကို မှန်ပေါ်က အကွက်ထနေတဲ့ နေရာတွေပေါ် သုတ်ပြီး အမွေးနု Microfiber အဝတ်စဖြစ်ဖြစ် ဂွမ်းလုံး Cotton Ball နဲ့ဖြစ်ဖြစ် အားသိပ်မသုံးဘဲ ညင်ညင်သာသာနဲ့ပဲ စက်ဝိုင်းပုံစံ ပွတ်ပေးရမှာပါ။

(၄) ဆေးပေးပါ

မျက်မှန်တစ်ပြင်လုံးမှာ မှန်ဆေးရည် လောင်းပြီး သေချာသန့်ရှင်းပေးပြီးရင်တော့ ရေနဲ့ ဆေးချရမှာပါ။ ရေနဲ့ ဆေးပြီးတာနဲ့ မှန်ဆေးရည် Lens Cleaner ဗူးနဲ့ Microfiber အဝတ်စကိုသုံးပြီး ထပ်ပြီး ဆေးကြောပေးရမှာပါ။ ဒီအဆင့်တွေအကုန်လုံးလုပ်ဖို့ ၄-၅ မိနစ်ထက် မကြာပါဘူး။ လွယ်ကူပြီး မြန်ဆန်တဲ့ မျက်မှန်တွေ သန့်ရှင်းတဲ့နည်း ဖြစ်ပါတယ်။