Sneakers တွေကို ဘယ်လိုသန့်ရှင်းရမလဲဆိုတာ သိထားရင် ဖိနပ်တွေရဲ့ သက်တမ်းက ပိုကြာရှည်ခံပါတယ်။ ဒါဆို Sneakers တွေကို အဝတ်လျှော်စက်မသုံးဘဲ ဘယ်လိုသန့်ရှင်းရေးလုပ်လို့ရမလဲ ?

1. Brush နဲ့ခါပါ

သန့်ရှင်းရေးမလုပ်ခင် အရင်ဆုံး ဖိနပ်မှာပေနေတဲ့ အညစ်အကြေးတွေ ၊ ဖုန်တွေ ၊ အမှိုက်တွေ ၊ မြက်တွေကို Scrub Brush လေးနဲ့ ခါထုတ်လိုက်ပါ ။

2. ဖိနပ်ကြိုးများကို ဖြုတ်ပါ

ဖိနပ်ကြိုးတွေက ညစ်ပတ်နေရင်တော့ ဆပ်ပြာရေနွေးလေးနဲ့ လျှော်ပေးပါ။ အခြောက်ခံတဲ့အခါ Dryer နဲ့ဆို ပလတ်စတစ်အစွန်းတွေက အရည်ပျော်သွားနိုင်တာမလို့ လေနဲ့အခြောက်ခံပေးပါ။ ဒါပေမယ့် ကွဲသွားရင်တော့ ကြိုးအသစ်တွေနဲ့ အစားထိုးဖို့ အချိန်တန်ပါပြီ။

3. ဆပ်ပြာရည်ဖျော်ပါ

ဖိနပ်တခုလုံးမြုပ်လောက်တဲ့ ပုံး ဒါမှမဟုတ် ဇလုံထဲ ဆပ်ပြာရည်နည်းနည်းနဲ့ ရေဖျော်လိုက်ပါ။ သွားတိုက်တံဟောင်း ဒါမှမဟုတ် စုတ်တံသေးသေးလေးကို ရေထဲမှာနှစ်ပြီး အညစ်အကြေးတွေပြောင်အောင် သေချာသန့်ရှင်းပါ။ ရေမြုပ် ဒါမှမဟုတ် အဝတ်နဲ့ပွတ်ပေးပါ။ ဖြုတ်တပ်လို့ရတဲ့ Insoles တွေလည်း ဖြုတ်ပြီး လျှော်ပေးပါ။

4.ဖိနပ်အောက်ခြေကို ပွတ်ပေးပါ

ဖိနပ်အောက်ခြေဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပြီး ဘေးတွေကိုလည်း ပွတ်ဆေးဖို့မမေ့ပါနဲ့။ စွန်းနေတာတွေ ၊ ညစ်ပတ်တာတွေ ပြောင်သွားအောင် Brush နဲ့ သေချာပွတ်ပေးပါ။ နောက်ဆုံးမှာ လေနဲ့အခြောက်ခံလိုက်ပါ။