မိတ်ကပ်လိမ်းတဲ့အခါ သုံးတဲ့ Makeup Brush တွေကို မကြာခဏ သန့်ရှင်းရေးလုပ်ဖို့တော့ မမေ့ပါနဲ့နော်။ သန့်ရှင်းရေးမလုပ်ဘဲ Makeup Brush တွေကို သုံးမိရင် ဖုန်တွေ အညစ်အကြေးတွေက ချွေးပေါက်တွေပိတ်စေပြီး ဝက်ခြံတွေ Breakout ဖြစ်တတ်ပါတယ်။ ဒါကြောင့် Makeup Brush တွေကို အနည်းဆုံး တစ်ပတ်ကို တကြိမ်လောက် မှန်မှန်ဆေးပေးဖို့ လိုအပ်ပါတယ်။
အဝတ်သန့်သန့်နဲ့ သုတ်ပေးပါ
Makeup Brush တွေကို မဆေးခင်မှာ အရင်ဆုံး အဝတ်သန့်သန့် ဒါမှမဟုတ် စက္ကူနဲ့အရင် သုတ်ပေးပါ။ ဒီလိုသုတ်လိုက်တာက Makeup Brush တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ပိုပြီး လွယ်ကူစေပါတယ်။
ရေနွေးနွေးနဲ့ဆေးပေးပါ
Makeup Brush တွေကို ဆေးတဲ့အခါ အမွှေးအမျှင်တွေကို အောက်ကိုစိုက်ပြီး ဆေးပေးပါ။ ဆေးတဲ့အခါ ရေနွေးပူပူက Makeup Brush ရဲ့ အမွှေးလေးတွေကို အချိန်ကြာလာတာနဲ့အမျှ ပျက်စီးစေနိုင်တာမလို့ ဆေးတဲ့အခါ ရေနွေးနွေးလေးနဲ့သာ ဆေးပေးပါ။
ရေနွေးနွေးနဲ့ ခေါင်းလျှော်ရည်ကို ရောပေးပါ
ဇလုံထဲမှာ ကလေးခေါင်းလျှော်ရည် ဒါမှမဟုတ် ခေါင်းလျှော်ရည်ကို ရေနဲ့ရောပေးပါ။ စုတ်တံရဲ့ အမွေးအမျှင်တွေ မြုပ်တဲ့အထိ ရေထည့်ပေးပါ။ ပန်းကန်ဆေးဆပ်ပြာကို သုံးလို့ရပေမယ့်လည်း အချိန်ကြာလာရင်တော့ စုတ်တံရဲ့ အမွေးအမျှင်တွေကို ခြောက်စေနိုင်ပါတယ်။
စုတ်တံကိုမွှေပေးပါ
Makeup Brush တွေကို ဆေးတဲ့အခါ စုတ်တံတစ်ခုချင်းဆီကို ဆပ်ပြာရောထားတဲ့ရေထဲ စက္ကန့် ၂၀ လောက်စိမ်ပေးပါ။ စုတ်တံကအရမ်းညစ်ပတ်နေရင် စုတ်တံကို လက်ဖဝါးပေါ်တင်ပြီး လှည့်ပေးပါ။ အဲ့ဒါက အမွှေးအမျှင်တွေကို ပိုပြီးသင့်ရှင်းစေပါတယ်။
ပိုနေတဲ့ရေကို ညှစ်ထုတ်ပါ
စုတ်တံတွေဆေးပြီးရင် လက်နဲ့ သို့မဟုတ် တစ်ရှူးနဲ့ ညှစ်လိုက်ပါ။ အမွေးအမျှင်ခြောက်အောင်ဆိုပြီး အတင်းပွတ်တာက စုတ်တံကို ပျက်စီးစေတာမလို့ စုတ်တံတွေကို မပွတ်ပါနဲ့နော်။ လက်ကိုင်ထဲကို ရေမဝင်အောင်လို့ အထက်ကို နည်းနည်းလောက်စောင်းထားလိုက်ပါ။