သင့်ဘဝမှာ သင်လက်တွဲမယ့် ချစ်သူကို ဘယ်လို အရည်အချင်းတွေနဲ့ ရွေးချယ်လေ့ရှိသလဲ။ မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုလိုက်ပြီ ဆိုရင် ဒါက တစ်ဘဝလုံးစာပါပဲ။ ဒါကြောင့် မိန်းကလေးတွေအတွက် ပိုအရေးကြီးပါတယ်။

ဟိုလူက တိုက်တွန်းလို့.. အိမ်ထောင်ပြုဖို့ အချိန်တန်ပြီမို့ အဆင်ပြေတာလေးပဲ ရွေးယူလိုက်တာမျိုး ဆိုတာတွေ မလုပ်သင့်ပါဘူး။ သမီးရည်းစားဘဝမှာပဲ အချစ်တွေက မကုန်ဆုံးနိုင် စီးဆင်းနေတာပါ။ အိမ်ထောင်ပြုပြီးရင်တော့ ဒီအချစ်တွေဟာ ကုန်ဆုံးလာတတ်ပါတယ်။ ဒီလိုအချိန် ကိုယ့်ရဲ့ ရွေးချယ်မှု အချက်အလက်တွေက အသုံးဝင်လာပါပြိ။ ဒီတော့ ဘယ်လို ရွေးချယ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ်နဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်မယ့်သူ

သူနဲ့အတူ ရှိတိုင်း ကိုယ့်စိတ်ကို ပေါ့ပါးစေတဲ့ လူမျိုးကို ရွေးချယ်သင့်ပါတယ်။ ကိုယ်ပွင့်လင်းနိုင်တဲ့သူ၊ ကိုယ့်ကို နားလည်နိုင်တဲ့သူကို ရွေးချယ်သင့်ပါတယ်။

၂။ ဝါသနာချင်း တူတဲ့သူ

ကိုယ်နဲ့ စိတ်ဝင်စားမှု ချင်း တူညီတဲ့ လက်တွဲဖော်ကလည်း ကိုယ့်ကို စိတ်ချမ်းသာစေပါလိမ့်မယ်။

၃။ ယုံကြည်နိုင်မှု ရှိမရှိ

သူက ကိုယ့်ကို အမြဲလိမ်တတ်သူလား တွေးရပါမယ်။ တချို့တွေက လိမ်ညာမုသားတွေကို ထမင်းစာ ရေသောက် အေးအေးဆေးဆေး ပြောတတ်ကြပါတယ်။ သင်လက်တွဲမယ့် လက်တွဲဖော်က ဒီလိုမဖြစ်သင့်ပါဘူး။

၄။ အမြဲကြိုးစားနေသူ

ကိုယ့်ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို စဉ်းစားနေတတ်တဲ့ လက်တွဲဖော်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဒီလို လက်တွဲဖော်နဲ့မှ သင့်ဘဝ တိုးတက်နိုင်မှာပါ။

၅။ ငွေကြေးစီမံခန့်ခွဲမှု နားလည်သူ

လူတိုင်း ငွေကြေးစီမံခန့်ခွဲမှု ပညာရပ်ကို လေ့လာသင့်ပါတယ်။ အထူးသဖြင့် အိမ်ထောင်တစ်ခုကို ဦးဆောင်ရမယ့် ယောကျာ်းလေးတွေပါ။ ဒါကြောင့် ကိုယ့်လက်တွဲဖော် ရွေးချယ်ရာမှာ ငွေကြေးစီမံ ခန့်ခွဲမှု လေ့လာသူကို စဉ်းစားပေးသင့်ပါတယ်။

၆။ ကိုယ့်ကို လေးစားသူ

သဘောထားကြီးပြီး ကိုယ့်ဖြစ်တည်မှုကို လေးစားတန်ဖိုးထားတဲ့ ယောကျာ်းလေး တစ်ယောက်ကို ရွေးချယ်သင့်ပါတယ်

သင့်အနေနဲ့ ချစ်တယ်ဆိုရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်တွဲမယ့် ဘဝလက်တွဲဖော်က ဖော်ပြပါ အချက်တွေနဲ့ ကိုက်မကိုက် ပြန်စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar