Serum ဆိုတာ အဆီပြန်တာကိုထိန်းပေးဖို့ အသားအရေကို ရေဓာတ်ဖြည့်ဖို့တို့အတွက် အစွမ်းထက်တဲ့ ဖော်မြူလာတွေနဲ့ ပြုလုပ်ထားတဲ့အရာတစ်ခုပါ။ အသက် ၃၀ ကျော် အမျိုးသား အမျိုးသမီးတိုင်းဟာ အသား အရေထိန်းသိမ်းတဲ့အခါ Serum ကို မဖြစ်မနေထည့်ပြီး အသုံးပြုသင့်ပါတယ်။

အသားအရေ အမျိုးအစားတိုင်းဟာ ကွဲပြားပြီး မတူညီတာကြောင့် အသားအရေအတွက် သင့်တော်တဲ့ Serum ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်အသားအရေအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး Serum ကို ရွေးချယ်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။

Hydrating, Brightening, Exfoliating, Anti-ageing စသဖြင့် မတူညီတဲ့  Serum  အမျိုးအစားများစွာ ဈေးကွက်ထဲမှာ တံဆိပ်မျိုးစုံနဲ့ ရှိပါတယ်။ မဝယ်ခင်မှာ သင့်အသားအရေ အမျိုးအစားနဲ့ ဘာအတွက် သုံးမှာလဲဆိုတာကို သေချာသိဖို့တော့ လိုပါလိမ့်မယ်။

အသားအရေအမျိုးအစားကို သေချာမသိဘူးဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့လူ သို့မဟုတ် အရေပြားဆရာဝန် တိုင်ပင် ဆွေးနွေးလို့ရပါတယ်။

Hydrating Serums

အသားအရေရဲ့  အစိုဓာတ်နဲ့ ရေဓာတ်ကို ထိန်းသိမ်းဖို့နဲ့ အစိုဓာတ်နဲ့  ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ဖို့အတွက်ဆို Hyaluronic Acid ပါဝင်တဲ့ Hydrating Serum ကို အသုံးပြု သင့်ပါတယ်။

Sodium Hyaluronate လို့လည်းခေါ်တဲ့ Hyaluronic Acid က အရေပြားရဲ့အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။ အသားအရေ အမျိုးအစားအကုန်လုံး အသုံးပြုလို့ရနိုင်ပြီး  Glycerin နဲ့ Aloe Vera တို့ကိုလည်း မျက်နှာကိုရေဓာတ်ဖြည့်စေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Exfoliating Serums

Exfoliation က သင့်မျက်နှာပေါ်က ဆဲလ်အသေတွေကို ဖယ်ရှာပေးပြီး ချွေးပေါက်များကို ကျဉ်းစေတာကြောင့်  အသားအရေကို တောက်ပကြည်လင်စေပြီး နောက်ထပ် အသုံးပြု မယ့် Skincare တွေကို ပိုပြီး သက်ရောက်မှုရှိစေပါတယ်။  Exfoliating Serum က  အဆီပြန်တဲ့အသားအရေတွေမှာဖြစ်တတ်တဲ့ ပိတ်နေတဲ့ချွေးပေါက်တွေကို ပွင့်စေပြီး Sebum Level ကိုလည်း လျော့ကျစေပါတယ်။ Multitasking Antioxidant Serumu က အဆီဓာတ်ကို 76% အထိ လျှော့ချပေးနိုင်တာကြောင့် ပိုလျှံနေသော Sebum တွေကို ထိန်းချုပ် ပေးကာ အသားအရေကို ကြည်လင်တောက်ပစေပြီး ချော့မွေ့စေပါတယ်။  Free Radical ပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရေအိုမင်းရင့်ရော်မှုကိုလည်း တိုက်ဖျက် ပေးပါ တယ်။

Brightening Serums

Brightening serum ကို  အသားအရေ ရောင်ယမ်းမှုနဲ့ တောက်ပမှုအတွက် အသုံးပြုပေးနိုင်ပါတယ်။ ဗီတာမင် C နဲ့ Niacinamide က အဓိကပါဝင်ပြီး ဗီတာမင် C က နေလောင် ဒဏ်တွေကို လျော့ပါးစေပြီး အသားအရေကို တောက်ပစေပါတယ်။ Vitamin B3 လို့ လူသိများတဲ့ Niacinamide က အသားအရေခြောက်ခြင်းနဲ့ အသားအရေ မညီမညာဖြစ်မှုကို လျှော့ချပေးပါတယ်။

Anti-Ageing Serums

Anti-Ageing Ingredients တွေမှာ Effective အဖြစ်ဆုံးဖြစ်တဲ့  ဗီတာမင် A လို့ခေါ်တဲ့ Retinol က အရေပြားဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်တာကြောင့် အရေပြား အိုမင်းခြင်းကြောင့် ကြုံတွေ့နေရတဲ့  Lines နဲ့  Wrinkles တို့အတွက် Retinol ပါဝင်တဲ့ Anti-Ageing Serum ကို အသုံးပြုပေးသင့်ပါတယ်။ Retinol က Lines နဲ့  Wrinkles  တို့ကို ပျော့ပျောင်းစေကာ Elasticity တိုးလာစေပြီး Texture နဲ့ Tone ကို ပိုမိုကောင်းမွန်စေပါတယ်။