Shapewear ဝတ်တဲ့အခါ အရေးကြီးဆုံးက ဝတ်ထားတဲ့အချိန်မှာ သက်တောင့်သက်သာရှိဖို့ပါ။ ဒါကြောင့် Shapewear ဝယ်တဲ့အခါ ကိုယ်နဲ့ကိုက်ညီတဲ့ Shapewear ကို မှန်မှန်ကန်ကန်ရွေးဝယ်နိုင်ဖို့အတွက် ဒီအချက်တွေကို ဦးစားပေး ထည့်စဥ်းစားသင့်ပါတယ်။

1.တိုင်းပါ

အရင်ဆုံး Shapewear မဝယ်ခင် ခါး ၊ တင် ၊ ပေါင်စတဲ့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို မှန်အောင်တိုင်းပါ။

2. Fabric အမျိုးအစားကို ရွေးပါ

ဈေးကွက်ထဲမှာရှိတဲ့ Shapewear တွေတစ်ခုချင်းစီမှာ သူ့ကိုယ်ပိုင် အားသာချက် ၊ အားနည်းချက်တွေ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် တစ်ခုကိုသေချာရွေးပါ။

3. Size သေချာရွေးပါ

သင်က ကြပ်လွန်းတာကြိုက်လား ? ချောင်တာကြိုက်လားပေါ်မူတည်ပြီး Size ကို သေချာရွေးပါ။ ဒါက သင့်လှုပ်ရှားမှုနဲ့ ဝတ်စားဆင်ယင်မှုပေါ် သက်ရောက်မှုရှိတာမလို့ သင်ကလှုပ်ရှားမှုများတဲ့သူဆိုရင် အရမ်းကြပ်တာ မရွေးပါနဲ့။

4.လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်ပါ

Shapewear တိုင်းက မတူညီတဲ့ စတိုင်နဲ့ Size တွေရှိတာမလို့ သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ သင့်တော်တာကို ရွေးပါ။ ဥပမာ- သင်က ခါးသေးသေးလေးဆိုရင် ခါးမြင့်တဲ့ ဘောင်းဘီ ဒါမှမဟုတ် ဘောင်းဘီတိုကို ရွေးပါ။

5.Size Charts ကို သေချာကြည့်ပါ

Shapewear တစ်ခုနဲ့တစ်ခုက Cutting မတူနိုင်တာမလို့ အွန်လိုင်းက ဝယ်တော့မယ်ဆို အရင်ဆုံး Size Charts ကို သေချာကြည့်ပါ။