မင်္ဂလာပါ… ပျိုမဒီတို့ရေ…. လူတိုင်းမှာ  မတူညီတဲ့ ဆံပင်ပုံစံ၊ ပုံသဏ္ဍာန် ၊ ဆံကေသာ စောင့်ရှောက်မှုနဲ့ အလှပြင်တဲ့ အလေ့အကျင့်တွေဟာ ကွဲပြားကြပါတယ် ။ဆံပင်ကို မှန်ကန်စွာဂရုစိုက်ဖို့အတွက် ဆံပင်အမျိုးအစားနဲ့သင့်လျော်တဲ့  Styling Tools တွေကို ရွေးချယ်တာက အရေးကြီးတဲ့ ပထမအဆင့်ပါပဲ။

အရင်ဆုံး ခေါင်းဖြီးဝယ်တော့မယ်ဆို Comb လား or Brush လား ? သူ့ရဲ့အစိတ်တွေက ကျဉ်းသလား ကျယ်သလား?  ပလပ်စတစ်လား ဒါမှမဟုတ် သစ်သားလား ? မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို သတိထား ရွေးချယ်သင့်ပါတယ်။

Comb or Brush ?

ရုတ်တရက်ဆိုရင်တော့ နှစ်ခုလုံးက ခေါင်းဖြီးဖို့ထုတ်တာမလို့ အတူတူပဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့ နှစ်ခုစလုံးဟာ ဆံပင်အပေါ် မတူညီတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောနိုင်ဖို့ မတူညီတဲ့ ပုံစံတွေနဲ့ ဒီဇိုင်းဆွဲထားတာပါ။

ပုံမှာပြထားတဲ့အတိုင်း နံပါတ် ( ၂ ) အစိတ်ကြဲတဲ့ဘီးက ရှုပ်နေတဲ့ဆံပင်တွေကို ရှင်းဖို့အတွက် အကောင်းဆုံးပါ။ ဆံပင်ရဲ့ သဘာဝလှိုင်းများကို ပျက်စီးမှု လျော့နည်းစေတာကြောင့် ဆံပင်ကောက်တဲ့လူ ၊ ကောက်ထားတဲ့ လူတွေအတွက် အသင့်တော်ဆုံးပါပဲ။

ဆံသားတွေဖြောင့်တန်းစေဖို့နဲ့ တိကျတဲ့ အသွင်အပြင် ၊  ဆံပင်ကို အညီအမျှခွဲဖို့အတွက် ဒီဇိုင်းထုတ်ထားတာက နံပါတ် ( ၁ ) ပါ။ ကောင်းတဲ့ဆံသားပိုင်ရှင်တွေနဲ့ ဆံပင်ပါးသူများအတွက်သပ်ရပ်တဲ့ဆံပင်ပုံစံကို ရစေနိုင်ပေမယ့် ဆံပင်အကောက်များနဲ့ ထူတဲ့ဆံပင်ပိုင်ရှင်များအတွက်တော့ အဆင်မပြေပါဘူး။

ပလပ်စတစ်လား ဒါမှမဟုတ် သစ်သားလား ?

<

သစ်သားဘီးတွေက ဆံပင်ရဲ့လျှပ်စစ်ဓာတ်ကို စုပ်ယူဖို့အတွက် အကောင်းဆုံးဖြစ်သလို သတ္တုဘီးတွေက အထူးခိုင်ခံ့ပြီး ခိုင်ခံ့မှုရှိပါတယ်။ Carbon ဘီးတွေက အပူဒဏ်ခံနိုင်တဲ့အပြင် သစ်သားဘီးတွေလိုဘဲ ဆံပင်ရဲ့လျှပ်စစ်ဓာတ်ကို ရှောင်ရှားနိုင်တာကြောင့် အခုလက်ရှိမှာ ရေပန်းစားလာပါတယ်။ ပလပ်စတစ်ဘီးတွေက စျေးအသက်သာဆုံးဖြစ်ပေမယ့် ရလဒ်နဲ့ပတ်သက်လာရင်တော့ စိတ်ကျေနပ်စရာမရှိပါဘူး။

နံပါတ် 1 ဘဲဥပုံ Brush က ဦးရေပြားကို ယားယံခြင်းမရှိဘဲ Untangling Nodesများကို ဖယ်ထုတ်ဖို့အတွက် အကောင်းဆုံးပါ။ ဒါပေမယ့် ဆံပင်ရေစိုနေတဲ့အချိန်တော့ မသုံးသင့်ပါဘူး။

နံပါတ် 2 Brush ကို ဆံပင်အခြောက်ခံတဲ့အခါမှာ အသုံးပြုလေ့ရှိပြီး ဆံပင်ကို ပိုးသားလိုနူးညံ့စေပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

နံပါတ် 3  Brush ရဲ့ အကြီးမားဆုံးအားသာချက်မှာ ဦးရေပြာကနေထုတ်လုပ်တဲ့ သဘာဝဆီများကို တစ်သားတည်းဖြစ်စေတာကြောင့် ဆံပင်က အဆီနည်းပြီး ပိုတောက်ပြောင်စေပါတယ်။

နံပါတ် 4 Brush ကိုတော့ လှိုင်းတွန့်ဆံပင်များ ချောမွေ့စေဖို့ ဒါမှမဟုတ် သဘာဝအတိုင်း ကောက်ကြောင်းများ ပြုလုပ်ဖို့ အဓိက အသုံးပြုပါတယ်။