အခုခေတ်မှာဆိုရင် စိတ်တူကိုယ်တူရှိကြတဲ့ အချို့စုံတွဲတွေက သူတို့ရဲ့အချစ်ကို ဖော်ပြဖို့အတွက် စုံတွဲတက်တူးများ ရေးထိုးကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဘယ်လိုတက်တူးမျိုးကို စုံတွဲတက်တူးအဖြစ် ရွေးချယ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းတစ်ခုကို ပုံဖော်ရေးထိုးလိုက်ပါ

စုံတွဲတိုင်းမှာ သူတို့နှစ်သက်တဲ့ ရုပ်ရှင်၊ သီချင်း၊ တီဗွီဇာတ်လမ်းတွဲ စသည်ဖြင့် အသီးသီးရှိကြပါတယ်။ ထိုအထဲကမှ ကိုယ်အနှစ်သက်ဆုံး ဇာတ်ဝင်ခန်း (သို့) နှစ်ယောက်စလုံးအတွက် အဓိပ္ပာယ်ရှိမယ့် ဇာတ်ဝင်ခန်းလေးကို ဖန်တီးကာ စုံတွဲတက်တူးလေး ဖန်တီးလိုက်ပါ။

နှစ်ယောက်တစ်ဘဝ

ပုံတစ်ခြမ်းစီကို တစ်ယောက်စီ ရေးထိုးထာတာမျိုးလည်း ရေးထိုးနိုင်ပါတယ်။ နှစ်ယောက်ပေါင်းမှ တစ်ဘဝဖြစ်မယ့်သဘောမျိုးကို ဖော်ကျူးနေတာဖြစ်ပါတယ်။

အာကာသပေါ်ရှိ ဂြိုလ်များ

အသေးစားတက်တူးဒီဇိုင်းတစ်ခုဖြစ်ပြီး ရိုးရှင်းလှပတဲ့ ဒီဇိုင်းပဲဖြစ်ပါတယ်။ စုံတွဲနှစ်ယောက် အတူတူ ရပ်နေတဲ့အခါ ထိုတက်တူးလေးကို မြင်တွေ့ရမယ်ဆိုရင် အင်မတန်လှပတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

သေးငယ်သော တက်တူးဒီဇိုင်း

အခုမှ တက်တူးစထိုးမယ် (သို့) နာကျင်မှု မခံစားချင်ဘူး (သို့) ရှုပ်ထွေးကြီးမားတဲ့ တက်တူးမျိုး မနှစ်သက်ဘူးဆိုရင်တော့ ဒီလိုတက်တူးမျိုးကို ရွေးချယ်နိုင်ပါတယ်။ လိပ်ပြာပုံတက်တူး မထိုးချင်ဘူးဆိုရင်လည်း လခြမ်းပုံတက်တူး၊ အသည်းပုံတက်တူး၊ ကြယ်ပုံတက်တူး စသည်ဖြင့် ပြောင်းလဲရေးထိုးနိုင်ပါတယ်။

နေနဲ့လ ရွှေနဲ့မြ

ဘယ်သူက နေမင်းကြီးကို ကိုယ်စားပြုတာလဲ ဘယ်သူက လခြမ်းလေးကို ကိုယ်စားပြုသလဲ စသည်ဖြင့် နှစ်ယောက်အတွက် အဓိပ္ပာယ်ရှိမယ့် စုံတွဲတက်တူးမျိုး ရွေးချယ်လိုက်ပါ။ ဒီလိုတက်တူးအသေးစားလေးတွေက ခြေကျင်းဝတ် (သို့) လက်ကောက်ဝတ် (သို့) ရင်ညွှန့်ရိုးပေါ်မှာ ရေးထိုးနိုင်ပါတယ်။

ကာတွန်းဇာတ်ကောင်များ

လိုက်ဖက်တဲ့ ကာတွန်းဇာတ်ကောင်များသည်လည်း သင်တို့နှစ်ယောက်ရဲ့ Relationship ကို ပိုမိုချစ်ဖို့ကောင်းသွားစေပါတယ်။