မျက်စိအားနည်းတဲ့အတွက် မျက်မှန်လည်း တပ်ရတော့မယ်၊ ကိုယ်နဲ့မလိုက်ဖက်မှာလည်း စိတ်ညစ်နေတယ်ဆိုတဲ့ သူတွေအနေနဲ့ အောက်ပါအချက်တွေကို သတိပြုသင့်ပါတယ်။
ကိုယ့်မျက်နှာနဲ့မလိုက်ဖက်တဲ့ မျက်မှန်ပုံစံမျိုးကိုရွေးမိရင် ပိုကြည့်ရဆိုးသွားတတ်လို့ ဖြစ်ပါတယ်။
လေးထောင့်ကျကျ မျက်နှာပိုင်ရှင်လား
လေးထောင့်စပ်စပ်မျက်နှာကို ပိုင်ဆိုင်ထားပါသလား။ မျက်မှန်တပ်တော့မယ်ဆိုရင် ခပ်ဝိုင်းဝိုင်းနဲ့စတိုင်ကျတဲ့ မျက်မှန်မျိုးကို ရွေးချယ်သင့်ပါတယ်။
ဝိုင်းတဲ့မျက်နှာပိုင်ရှင်လား
အနည်းငယ်ဝပေမယ့် စတိုင်ကျတဲ့ ခပ်ဝိုင်းဝိုင်းမျက်နှာပုံစံမျိုးကို ပိုင်ဆိုင်ထားပါသလား။ ဒါဆိုရင်တော့ မျက်မှန်လေးထောင့်လေးတွေကို ရွေးချယ်ပြီးစတိုင်ထုတ်လိုက်ပါ။
သွယ်လျတဲ့မျက်နှာပိုင်ရှင်လား
မျက်နှာသွယ်သွယ်ကို ပိုင်ဆိုင်ထားရင်တော့ ကံကောင်းတဲ့သူလို့ ပြောလို့ရပါတယ်။ မျက်နှာကျသွယ်လျတဲ့သူတွေဟာ မျက်မှန်အဝိုင်းဖြစ်စေ၊ လေးထောင့်ဖြစ်စေ လိုက်ဖက်ညီနေလို့ပါပဲ။ ဘဲဥပုံမျက်မှန်တွေကိုလည်း စိတ်တိုင်းကျရွေးချယ်လို့ရပါတယ်။