ဒေါက်မြင့်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အလွန်ကြည့်ကောင်းလှပါတယ်။ ဒါပေမဲ့ လှပမှုနဲ့အတူ လိုက်ပါလာတာက သွားရလာရ သက်တောင့်သက်သာမရှိတာပါပဲ။ ဒေါက်ဖိနပ်မြင့်လေ ပိုဆိုးလေပါ။ ဒီကြားထဲ ဒေါက်စီးလေ့စီးထမရှိရင် ပိုပိုပြီးဆိုးမှာပါ။

ခြေထောက်အရေပြားက ဒေါက်မြင့်ဖိနပ်နဲ့ တွန်းတိုက်မိပြီး ခြေထောက်ပေါက်တာတွေ ခြေထောက်ညောင်းတာတွေဖြစ်စေပါတယ်။ ဒါပေမဲ့ ပြဿနာတိုင်းမှာ ဖြေရှင်းနည်းရှိပါတယ်။ နည်းလမ်းတွေကတော့-

နေ့စဉ်ဝတ်ဆင်ဖို့အတွက် သက်တောင့်သက်သာဖြစ်စေတဲ့ ဒေါက်ဖိနပ်အမြင့်

  • နေ့စဉ်ဝတ်ဖို့ ဒေါက်ဖိနပ်ရဲ့ အမြင့်က 4 cm ထက်မကျော်ရဘူးလို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။ ဒီအမြင့်က အန္တရာယ်အနည်းဆုံးနဲ့ ကျောရိုးဝန်ပိတာကို လျော့နည်းစေပါတယ်။
  • သက်တောင့်သက်သာဖြစ်တဲ့ဖိနပ်ရွေးချယ်နည်းနောက်တစ်မျိုးက ခြေဖနောင့်နဲ့ ခြေဖဝါးကြားက အကွာအဝေးကို ကြည့်ဖို့ပါ။ ဒေါက်မြင့်က ပိုမြင့်လေ သူတို့နှစ်ခုကြားက အကွာအဝေးက ပိုဝေးလေပါ။ ခြေဖနောင့်နဲ့ ခြေဖဝါးကြား 6 cm အကွာအဝေးက ခြေထောက်ကို တည်ငြိမ်အောင် ထိန်းပေးနိုင်ပါတယ်။

ပွဲတက်ဖိနပ်တွေအတွက် သက်တောင့်သက်သာရှိတဲ့အမြင့်

  • ဒီအတွက် လိုအပ်တဲ့ပစ္စည်းက ပေတံဒါမှမဟုတ် ပေကြိုးပါ။ ထိုင်ခုံပေါ်မှာထိုင်ပြီး ခြေထောက်တစ်ချောင်းကို ဆန့်လိုက်ပါ။ ခြေထောက်ကို အတင်းကုပ်မထားပါနဲ့။ အကြောလျှော့ထားပါ။ ပုံထဲမှာပြထားတဲ့အတိုင်း ခြေဖဝါးကနေ အဆုံးထိတိုင်းလိုက်ပါ။ သင်ရတဲ့အတိုင်းအတာက သင်ဝယ်ရမယ့် ပွဲတက်ဒေါက်အမြင့်ပါပဲ။

မတူညီတဲ့အမျိုးအစားတွေ

  • ဖိနပ်ဆိုဒ်- ခြေထောက်နာတာကို သက်သာဖို့ အမျိုးသမီးတွေက သူတို့ဆိုဒ်ထက်ပိုသေးတဲ့ ဖိနပ်ကိုရှောင်ကြပါတယ်။ ဒါမှန်ပါတယ်။ ဘာလို့လဲဆိုတော့ ဆိုဒ်ကြီးတဲ့ဖိနပ်ဆိုရင် ဖိနပ်ထဲမှာ ဆီလီကွန်အလွှာတွေထပ်ထည့်နိုင်ပါတယ်။ ဒီလိုထည့်တာက ခြေထောက်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။

  • ဒီမှာမှတ်သားရမှာက Artificial လို့ခေါ်တဲ့ လူတွေဖန်တီးထားတဲ့ ဖိနပ်သားက အသားကြမ်းပြီး ခြေထောက်ဝင်ဆန့်နိုင်ဖို့ အချိန်ယူရပါတယ်။ ခြေထောက်အတွက် အဆင်ပြေဆုံးဖိနပ်ကတော့ သားရေအစစ်နဲ့ပြုလုပ်ထားတဲ့ ဖိနပ်မျိုးပါ။

ခြေဖနောင့်နဲ့ ဒေါင်မြင့်အနေအထား- ဖိနပ်တစ်ရံကို သင်နဲ့အဆင်ပြေမပြေသိချင်ရင် ဖိနပ်ဆန်းဝတ်ကြည့်တဲ့အချိန် လမ်းလျှောက်ကြည့်ပါ။သင့်ရဲ့ ခြေဖနောင့်ကိုလည်း သတိထားကြည့်ပါ။ ခြေဖနောင့်က ကွေးပေးနေရတာမျိုးမဖြစ်ပါစေနဲ့။ ခြေဖနောင့်အပြင်မြင့်တက်နေတာမျိုး။ အတွင်းဘက် အတင်းကွေးနေရတာမျိုးမဖြစ်ရပါဘူး။

ပျိုမေတို့ ကိုယ်နဲ့ အဆင်ပြေတဲ့ ဒေါက်မြင့်ပုံစံကို ရွေးချယ်ပြီး အလှဆုံးဖြစ်ကြပါစေနော်။

Source: Brightside.me