သင့်မျက်နှာပုံစံကို ပြောင်းလဲသွားစေတဲ့ ပစ္စည်းသေးသေးလေး တစ်ခု ရှိပါတယ်။ ဒါကတော့ နားကပ်တွေ၊ နားဆွဲတွေပါပဲ။ နားဆွဲ၊ နားကပ်တွေက ကိုယ်ရွေးတတ်ရင် ရွေးတတ်သလို ကိုယ့်ကို ပိုလှသွားစေနိုင်ပါတယ်။ စတိုင်ကျကျ လှချင်သူတွေ သတိထားသင့်တဲ့အထဲမှာ Earring Accessories တွေလည်း ပါဝင်ပါတယ်။ သင့်အဝတ်အစား၊ သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ နားကပ်က သင့်အလှကို Level တစ်ဆင့် ပိုမြင့်သွားစေပါတယ်။ မိန်းကလေး အများစုက နားကပ်ဝတ်တာကြောင့် ဒီအကြောင်းအရာက မဖြစ်မနေ သိထားသင့်တဲ့ အထဲမှာ ပါဝင်ပါတယ်။

နားကပ်မှာမှ များသောအားဖြင့် အမျိုးအစား သုံးမျိုးကို တွေ့ရလေ့ရှိပါတယ်။ နားကပ်၊ နားဆွဲနဲ့ နားရွက် အရိုးနုပေါ်မှာ ဝတ်ဆင်ရတဲ့ နားကပ်ဆိုပြီး သုံးမျိုး ရှိပါတယ်။ ကိုယ့်မျက်နှာကျအလိုက် ရွေးသင့်တဲ့ နားကပ်ပုံစံလည်း တူနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်မျက်နှာပုံစံအလိုက် ဘယ်နားကပ်က ကိုယ်နဲ့ ပိုလိုက်ဖက်မလဲ ကြည့်လိုက်ရအောင်နော်-

ပထမဆုံး ကိုယ့်မျက်နှာကျက ဘယ်လိုမျိုးလဲ အရင်သိထားဖို့ လိုပါတယ်။ သင်က သင့်မျက်နှာကျ ဘယ်လိုလဲ သိထားရင် ဆက်ဖတ်လို့ ရပါပြီ။

မျက်နှာရှည်ပြီး သွယ်တဲ့ မျက်နှာပုံစံ

မျက်နှာသွယ်ပြီး ရှည်တဲ့ ပျိုမေတွေအနေနဲ့ မျက်နှာထက် ပိုရှည်တဲ့ နားဆွဲမျိုးကို ရှောင်သင့်ပါတယ်။ နားကပ်သေး မျက်နှာအရှည်နဲ့ ကွက်တိကျတဲ့ နားဆွဲမျိုးတွေနဲ့ လိုက်ဖက်ပါတယ်။

လေးထောင့်ကျတဲ့ မျက်နှာပုံစံ

လေးထောင့်ကျတဲ့ မျက်နှာပုံစံ၊ မေးရိုးကြီးတဲ့ ပျိုမေတွေအနေနဲ့ နားကပ်သေးလွန်းတာမျိုးကို ရှောင်သင့်ပါတယ်။ အရောင်လင်းတဲ့ နားဆွဲတွေ၊ အရွယ်အစားကြီးတဲ့ နားဆွဲတွေနဲ့ သင့်တော်ပါတယ်။ လေးထောင့် နားဆွဲမျိုးကိုတော့ ရှောင်သင့်ပါတယ်။

ဝိုင်းစက်တဲ့ မျက်နှာပုံစံ

မျက်နှာဝိုင်းတဲ့ သူတွေအနေနဲ့ နားဆွဲအဝိုင်းကို လုံးဝ မဝတ်သင့်ပါဘူး။ ဝလုံး နှစ်လုံး တန်းစီထားသလို ဖြစ်သွားပါလိမ့်မယ်။ တစ်ဖြောင့်တည်း သွားတဲ့ နားဆွဲတွေကို ရွေးချယ်သင့်ပါတယ်။ ချွန်ထက်တဲ့ ပုံစံသွားတဲ့ နားဆွဲတွေ၊ နားဆွဲကြီးကြီးလေးတွေကလည်း ဝိုင်းတဲ့ မျက်နှာကျနဲ့ လိုက်ဖက်ပါတယ်။ သင်က နားဆွဲဝိုင်းဝိုင်းလေးကိုမှ ဝတ်ချင်တယ်ဆိုရင် အလယ်အလတ် အရွယ်အစားရှိတဲ့ အဝ်ိုင်းနားဆွဲကို ဝတ်နိုင်ပါတယ်။

Diamond Face ပိုင်ဆိုင်တဲ့ ပျိုမေတွေအတွက်

စိန်တုံးပုံစံသွားတဲ့ မျက်နှာပိုင်ရှင်တွေအနေနဲ့ အောက်ဘက်မှာ ဆွဲသီးပါတဲ့ နားကပ်တွေကို ရွေးချယ်သင့်ပါတယ်။

မျက်နှာကြီးတဲ့ သူတွေအနေနဲ့ အရွယ်အစားကြီးတဲ့ နားကပ်ကို ရွေးချယ်သင့်ပြီး သေးတဲ့ သူတွေအနေနဲ့ အရွယ်အစားသေးတာကို ရွေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar