ကမ်းခြေမှာရေဆော့ဖို့ ဒါမှမဟုတ် ရေကူးကန်မှာ ရေကူးရင်း Pose လှလှလေးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ ရေကူးဝတ်စုံဝယ်ရှာနေတယ်.. ဘယ်လိုရွေးရမလဲမသိဖြစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ရွေးချယ်စရာ ဒီဇိုင်းကာလာ အမျိုးမျိုးရှိတာကြောင့် သင့်စိတ်ကြိုက် ရွေးလို့ရပါတယ်။
One-Piece
သင်က ခုမှစဝတ်မှာမလို့ မဝတ်ရဲဘူး လုံခြုံတာမျိုးလေးလိုချင်တာဆိုရင်တော့ One-Piece ကို ရွေးချယ်လိုက်ပါ။
Bikinis
Bikinis က ရင်သားနဲ့ သီးသန့်နေရာကိုပဲ ဖုံးအုပ်ထားတာကြောင့် ခန္ဓာကိုယ်ကို ပြသရတာ အဆင်ပြေတယ်ဆိုရင် ဒါက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါ။
Tankini
ခါးကိုမပေါ်စေဘဲ ပေါ့ပေါ့ဖြစ်စေတဲ့ Tankini ကတော့ ချောင်ချောင်ချိချိ ၀တ်ဆင်ထားနိုင်သောကြောင့် ကိုယ်ဝန်ဆောင်တွေပါ ဝတ်လို့ရပါတယ်။
Detail Top
Ruffles ၊ အရောင်တောက်တောက်နဲ့ print တွေက ရင်ဘက်ကို ကြီးတယ်ထင်ရဖို့ ကူညီပေးပါတယ်။
Supportive Top
တကယ်လိသင်ကရင်သားကြီးတဲ့လူဆိုရင်တော့ ကြိုးမပါတဲ့ ရေကူးဝတ်စုံ၊ ကြိုးမဲ့ဝတ်စုံတွေက အသင့်တော်ဆုံးပါပဲ။
Colors
Dark Colors တွေက သိသာမှုနည်းပေမယ့် Light colors က အာရုံစူးစိုက်မှုကို ဆွဲဆောင်ပါတယ်။ ဒါကြောင့် သင်ပေါ်လွင်ချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအတွက် Light colors ကိုရွေးချယ်သင့်ပြီး မသိသာစေချင်တဲ့ အစိတ်အပိုင်းအတွက် Dark Colors ကိုရွေးချယ်ပါ။
Full-coverage Bottom
တင်အပြည့်ဝတ်စုံတွေက တင်ပါးကို သေးငယ်ပုံပေါ်စေတာကြောင့် တင်က သင့်အတွက် စိုးရိမ်စရာဖြစ်နေရင် Full-coverage Hips ကိုရွေးချယ်ပါ။
လိုက်ဖက်မယ့် ဝတ်စုံ
သင်နဲ့ အဆင်မပြေတဲ့ ရေကူးဝတ်စုံကို ဘယ်တော့မှ မယူပါနဲ့။ ရေကူးဝတ်စုံဆိုတာက သပ်သပ်ရပ်ရပ်ဖြစ်သင့်ပေမယ့် တင်းကြပ်နေတာမျိုး သက်တောင့်သက်သာမရှိတာမျိုးကတော့ အဆင်မပြေပါဘူး။