မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ပုံစံရဖို့ ခေါင်းအစခြေအဆုံး ဂရုစိုက်ရပါတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့အိတ်တစ်လုံးက ကိုယ့်ခန္ဓာကိုယ်ပုံစံကို ပိုပေါ်လွင်သွားစေတာ သင်သိပါသလား? အိတ်ဝယ်တဲ့နေရာမှာလည်း ခန္ဓာကိုယ်အချိုးအစားပိုလှဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရွေးဝယ်သင့်ပါတယ်။
၁။ပထမဆုံး ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်ထဲပါလဲ သိပါစေ
- သင့်ပခုံးအကျယ်က တင်ပါးထက် ပိုကျယ်တယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က Inverted Triangle ပါ။
- သင့်ရဲ့ခါးနဲ့ ပခုံးအတိုင်းက သင့်တင်ပါးအတိုင်းထက် ပိုသေးရင်တော့ သင့်ခန္ဓာကိုယ်က Pear ပါ။
- သင့်ရဲ့ပခုံး၊ ခါးနဲ့ တင်ပါးအတိုင်းက တစ်ဆက်တည်းဖြစ်နေရင် Rectangle ပါ။
- ခါးသေးပြီး ပခုံးနဲ့ တင်ပါးအတိုင်းက အတူတူပဲဆိုရင် သင့်ခန္ဓာကိုယ်က Hourglass ပါ။
- သင့်ခါးအတိုင်းက ပခုံးနဲ့ တင်အတိုင်းထက် ပိုကျယ်ရင်တော့ သင်က Apple Shape ပါ။
ဒါကတော့ ကိုယ့်ခန္ဓာကိုယ် Shape ကို သိနိုင်တဲ့နည်းလမ်းပါ။ အိတ်ရွေးတဲ့အချိန်ကျရင် ကိုယ့် Shape နဲ့ဆန့်ကျင်ဘက်ဖြစ်တာကို ရွေးရပါမယ်။
1.Inverted Triangle ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်
ခါးနေရာကို သတိထားပေးပါ။အိတ်ရဲ့ ကြိုးအရှည်ကို သတိထားရွေးပါ။ ကိုယ့်ရဲ့ ရင်ဘတ်တစ်ဝိုက်မှာ အပြင်အဆင်မများစေဖို့ ကြိုးတိုတဲ့အိတ်တွေ၊ အိတ်ကြီးကြီးတွေကို မရွေးပါနဲ့။ ကြိုးရှည်တဲ့အိတ်မျိုးရွေးပေးပါ။ ခန္ဓာကိုယ်ကန့်လတ်ဖြတ်ပုံစံ အိတ်လွယ်တာမျိုးပြုလုပ်နို်င်ပါတယ်။
2.Rectangular ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်
ကိုယ့်ခန္ဓာကိုယ် Shape ပေါ်ဖို့ အိတ်ဒီဇိုင်းဆန်းတွေလွယ်ပေးရပါမယ်။ ကြိုးအရှည်ကို တိုတိုတုတ်တုတ်နဲ့ အိတ်အဆုံးက တင်ပါးနားရောက်တဲ့အိတ်မျိုးရွေးပေးပါ။ အိတ်အချိုးအစားဆန်းသစ်ထားတဲ့ ပုံစံကို ရေးပါ။ Oversize အိတ်မျိုးနဲ့လိုက်ဖက်ပါတယ်။
3. Pear shape ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်
ခါးအောက်ပိုင်းဘက်ကို ရှုပ်ယှက်ခတ်အောင် မလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ ရင်ဘတ်နဲ့ ပခုံးအပိုင်းကိုပဲ အာရုံစိုက်ရပါမယ်။ အိတ်ကြိုးအရှည်ကို သတိထားရွေးချယ်ရပါမယ်။ အိတ်အဆုံးက တင်အောက်ဘက်ဆုံးအထိ သွားတဲ့ အိတ်မျိုးရှောင်ပေးပါ။
Should Bag တွေ Bucket Bag တွေရွေးချယ်သင့်ပါတယ်။
4. Apple Shape ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်
ခန္ဓာကိုယ်အချိုးအစားကို တစ်သမတတ်တည်းဖြစ်အောင် ဖန်တီးရပါမယ်။ အိတ်သေးသေးလေးတွေ၊ ကြိုးတိုတာမျိုးတွေကို ရှောင်ပေးပါ။
အိတ်ကြီးကြီးလေးလွယ်ပေးပါ။
5. Hourglass ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက်
သင်က ကံအကောင်းဆုံးခန္ဓာကိုယ်ပိုင်ရှင်ပါပဲ။ အိတ်တိုငး်နဲ့လိုက်ဖက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်အလှကို မဖုံးကွယ်သွားတဲ့အိတ်မျိုးဖြစ်ဖို့တော့လိုအပ်ပါတယ်။
တွေ့ရာအိတ်ဝယ်တတ်တဲ့ အကျင့်ကိုဖျောက်ပြီး ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့အိတ်ကို ရွေးချယ်ပေးပါ။ သင်ပိုစတိုင်ကျလာပါလိမ့်မယ်။
Source: Brightside.me
By MyStyle Myanmar