မိန်းကလေးတိုင်းကတော့ အသားအရေလှချင်ကြတာချည်းပါပဲ။ တချို့ကျတော့လည်း လှချင်စိတ်ပဲရှိပြီး အသားအရေကို လုံးဝဂရုမစိုက်ပဲ နေကြပါတယ်။ အသားဖြူပြီး အသားအရေလှချင်တယ်၊ အသားအရေကြည်လင်တာမျိုးလေး လိုချင်တယ်ဆိုရင်တော့ တစ်ပတ်တစ်ခါ Scrub လုပ်ပေးဖို့လိုပါတယ်။ Scrub လုပ်တယ်ဆိုတာလည်း ဆိုင်မှာသွားလုပ်စရာမလိုပါဘူး။ ကိုယ့်အိမ်မှာပဲ Scrub ဘူးလေးတွေဝယ်ပြီး လုပ်ပေးလို့ရပါတယ်။

Source: TripSavvy

Scrub လုပ်ပေးတယ်ဆိုတာဟာ အရေးပြားပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့သဘောပါပဲ။ ကမ်းခြေကပြန်လာတဲ့အချိန်နဲ့ နေလောင်ထားတဲ့အချိန်တွေမှာ Scrub လုပ်ပေးရင် ပထမဆုံးလုပ်တဲ့အကြိမ်မှာပဲ သိသိသာသာကို ပြောင်းလဲလာပါတယ်။ Scrub လုပ်ပေးတာဟာ နေလောင်ထားတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး နေလောင်ထားလို့ အသားအရောင်မညီတာတွေကို ပြန်ညီလာစေပါတယ်။ မဲညစ်နေတဲ့အသားအရေကိုလည်း ပြန်လည်ကြည်လင်လာစေတဲ့အပြင် အသားလည်းပြန်ဖြူလာစေပါတယ်။

Source: www.laurenkelp.co

Scrub ကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးခြင်းက သင့်အသားအရေကို နူးညံ့ချောမွေ့လာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတဲ့အပြင် ချေးလုံးဝကင်းစင်နေတဲ့အတွက် အသားအရေကို ကြည်လင်လာစေပါတယ်။ သူက သင့်အရေပြားမှာကပ်နေတဲ့ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပါတယ်။ တစ်ပတ်ကိုတစ်ခါ ပုံမှန် Scrub လုပ်ပေးနေတဲ့သူတစ်ယောက်ရဲ့ အသားအရေဟာ စိုစိုပြေပြေနဲ့ နူးညံ့ချောမွေ့ပြီး ကြည်လင်လာမယ်။ အသားလည်းဖြူဖွေးလာပါမယ်။ ဒါကတော့ Scrub လုပ်ပေးခြင်းရဲ့ ကောင်းကျိုးပါ။ Sensitive Skin တွေက တစ်ပတ်တစ်ခါပဲလုပ်ပေးသင့်ပါတယ်။ ပုံမှန်အသားအရေပိုင်ရှင်တွေကတော့ တစ်ပတ်မှာ နှစ်ခါ Scrub လုပ်ပေးလို့ရပါတယ်။

Source: www.craftbnb.com

Scrub ကိုရွေးချယ်တဲ့အခါမှာတော့ အသားအရေအတွက် တကယ်ကောင်းကျိုးဖြစ်စေမယ့် Scrub မျိုးကို ရွေးချယ်တတ်ဖို့လိုပါတယ်။ အရမ်းကြမ်းတာမျိုးကိုလည်းမရွေးပါနဲ့။ အရမ်းနူးညံ့လွန်းရင်လည်း မထိရောက်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် သေချာလေးရွေဝယ်ပါ။ Scrub လုပ်တဲ့အခါမှာလည်း နူးညံ့တဲ့ပေါင်နေရာတွေကို မလုပ်ပါနဲ့။ ပြင်းပြင်းထန်ထန်မပွတ်မိအောင် သတိထားပါ။ Scrub လုပ်ပြီးရင် ရေပဲဆေးချတာ ပိုကောင်းပါတယ်။ စေးကပ်ကပ်ကြီးဖြစ်နေလို့ မနေတတ်ရင်လည်း ဆပ်ပြာပြန်သုံးပြီး ရေချိုးလိုက်ပါ။

Source: www.vineverareviews.com

Scrub လုပ်ပြီးရင်တော့ အရေးအကြီးဆုံးက Lotion လိမ်းပေးရပါမယ်။ Scrub လုပ်ပြီးသွားရင် အသားကခြောက်သွားပါတယ်။ ဒီလိုအချိန်မှာ Lotion ပြန်လိမ်းပေးမှသာ အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။ Scrub လုပ်ပြီးသွားရင် အသားအရေက အရမ်းနုသွားတာဖြစ်တဲ့အတွက် နေပူထဲလုံးဝမထွက်ပါနဲ့။ ဒါကြောင့် ပိတ်ရက်အိမ်မှာ နားနားနေနေလုပ်ပြီး အိမ်ထဲနေတာ အကောင်းဆုံးပါ။ Scrub လုပ်ပြီးလို့ Lotion လိမ်းပြီးသွားတဲ့အခါမှာတော့ သင့်ရဲ့အသားအရေဟာ Scrub မလုပ်ခင်ကအသားအရေနဲ့ မတူတော့အောင် နူးညံ့ချောမွေ့သွားတာကို တွေ့ရပါလိမ့်မယ်။

Source: www.cosmo.ph