အသားအရေအပေါ်မှာ အကြောပြတ်ရာကြီးတွေ ရှိနေရင်လည်း ကိုယ့်ယုံကြည်မှုလျော့နည်းစေတယ်။ အကြောပြတ်ခြင်းက အဝလွန်၍အကြောပြတ်ခြင်း၊ အားကစားလုပ်၍အကြောပြတ်ခြင်း၊ကိုယ်အလေးချိန် ရုတ်တရက်အတက်အကျရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရုတ်တရက် ကိုယ်ခန္ဓာထွားကျိုင်းလာတဲ့ ဆယ်ကျော်သက်တွေ၊ ပင်ကိုယ်မျိုးရိုးဗီဇရှိသူတွေမှာအများဆုံးဖြစ်တတ်ပါတယ်။ အရေပြားအတွင်းမှာရှိတဲ့ ကော်လဂျင်ဓာတ်တွေ၊ ပရိုတိန်းဓာတ်တွေ အသစ်ပြန်ထွက်နိုင်စွမ်းမရှိပဲ အနီအရောင်အဆင်းကြောင်း အဖြူရောင်အဆင်းအကြောင်းများပေါ်လာတတ်ပါတယ်။

Stretch Marks အကြောပြတ်တာတွေဖြစ်လာရင် အရေပြားကို Vitamin-E အများဆုံးပါဝင်တဲ့ ဆီတွေ၊ ထောပတ်သီးဆီ၊ အုန်းဆီအနက်၊သံလွင်ဆီတို့ကိုလည်း ပုံမှန်လေးလိမ်းရင် ယားယံပြေပြီး အကြောပြတ်ခြင်းကိုလည်း တစ်ဖြည်းဖြည်းနဲ့သက်သာစေပါတယ်။ ဒါ့အပြင် Stretch Marksကို အဓိကပျောက်ကင်းစေတဲ့လိမ်းဆေးတွေ လိမ်းပေးသင့်ပါတယ်နော်။

နည်းပညာတွေကလည်းခေတ်မှီလာပြီ ကိုယ့်အရေအပြားအပေါ်မှာအဲ့လိုအကြောင်းကြီးတွေပေါ်နေတာကိုလည်း မြန်မြန်လေးပျောက်ချင်တယ်ဆိုရင် လေဆာနဲ့ကုသမှုတွေလည်းပြုလုပ်လို့ရတယ်။


Photo Source – healthy.com