မျက်ဝန်းအနီးတစ်ဝိုက်အရေးကြောင်းဖြစ်ခြင်းက အသက်အရွယ်တစ်ခုရောက်လာတာမျိုးဖြစ်ဖြစ် အိပ်ရေပျက်တာများတာမျိုးဖြစ်ဖြစ် ကြုံတွေလာတတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်လာရင် မိတ်ကပ်တွေနဲ့ ဖုံးအုပ်လို့ရတယ်ဆိုပေမယ့် သဘာဝနည်းအတိုင်း ပျောက်ကင်းအောင်လုပ်လို့ရတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ ဒီအရေးအကြောင်းတွေက အိုမင်းရင့်ရော်မှုရဲ့ အခြေခံအချက်တွေဆိုလည်း မမှားပါဘူးနော်။ အရေးအကြောင်းတွေကို ဖယ်ရှားဖို့ခေတ်မှီနည်းပညာတွေလည်း ရှိသလိုစျေးကွက်မှာ မျက်လုံးနဲ့ပတ်သက်တဲ့ Skin Care Cream တွေလည်းများစွာရှိပါတယ်။ သဘာဝနည်းလမ်းတွေနဲ့ လည်း အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်လို့ရတဲ့အတွက် လွယ်လွယ်ကူကူနဲ့ လုပ်လို့ရတဲ့နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

အာလူး 


အာလူးက မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အဆိတ်အတောက်ကိုလည်း သက်သာစေပါတယ်။အာလူးကိုရေစင်အောင်ဆေးပြီး ပါးပါးလေးလှီးပေးပါ။လှီးထားတဲ့ အာလူးလေးတွေကို အရေးအကြောင်းဖြစ်နေတဲ့မျက်ဝန်းအနီးတစ်ဝိုက်ကပ်ပေးရပါမယ်။ အနည်းဆုံး ၁၅မိနစ်လောက် ကပ်ပေးထားရပါမယ်။ မျက်ကွင်းညိုတာလည်း သက်သာစေသလို ရေရှည်လုပ်ပေးပါက အရေးအကြောင်းတွေကိုပါလျော့ပါသွားစေနိုင်ပါတယ်။

သခွားသီး 


သခွားသီးက ရေဓာတ်ပြည့်ဝစေတဲ့အသီးတစ်မျိုးဖြစ်တဲ့အတွက် မျက်နှာအသားအရေအတွက်ရော စားသုံးဖို့အတွက်ရော အရမ်းကိုအသုံးဝင်ပါတယ်။ သခွားသီးကိုလည်း အာလူးလိုပဲ ပါးပါးလေးလှီးပြီး ကပ်ပေးပြီး မိနစ်၃၀ လောက်ထိထားပေးလို့ရပါတယ်။ နောက်ပြီးရင်တော့ ရေလေးနဲ့မျက်နှာကိုဆေးကြောသန့်စင်ပေးပြီး ကိုယ်သုံးနေကျ Cream တစ်မျိုးမျိုးနဲ့ လိမ်းပေးလို့ရပါတယ်။ သခွားသီးကို မျက်လုံးအနီးတစ်ဝိုက်တင်မဟုတ်ပဲ မျက်နှာပြင်တစ်ခုလုံး ပေါင်းတင်တဲ့အနေနဲ့ ပါသုံးပေးသင့်ပါတယ်။

ထောပတ်သီးအနှစ် 


ထောပတ်သီးက အမှည့်ဖြစ်နေဖို့တော့လိုအပ်ပါတယ်။ ဒါမှလည်း အသုံးပြုရတာလွယ်ကူပြီး အာနိသင်ရှိမှာဖြစ်ပါတယ်။ ထောပတ်သီးကို ကြိတ်ခြေပြီး ရလာတဲ့အနှစ်ကို မျက်လုံးအနီးတစ်ဝိုက်မှာ Mask သဘောမျိုးအနေနဲ့ကပ်ပေးပါ။ သူ့ကိုလည်း ၁၅မိနစ်လောက်ပဲထားပြီးတော့ ရေဆေးချပေးရပါမယ်။ တစ်ပတ်ကိုအနည်းဆုံး ၂ ကြိမ်မှ ၃ကြိမ်ကြားပြုလုပ်ပေးလို့ရပါတယ်။ တစ်လောက်ကြာရင်တော့သိသိသာသာကြီး သက်သာသွားစေနိုင်ပါတယ်။
Photo Source – Free.pik