ကိုယ့်ရဲ့လက်သည်းလေးတွေကလည်း ကိုယ့်ရဲ့ခန္ဓာကိုယ်ဘယ်လောက်ထိကျန်းမာလဲဆိုတာ ဖော်ပြနေတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လက်သည်းခွံလေးတွေ ကျန်းမာဖို့အတွက်ဆိုရင် အမြဲဂရုစိုက်နေပေးဖို့တော့လိုအပ်တယ်တယ်နော်။ အခုလိုအချိန်မျိုးမှာ ကိုယ်ကဆိုင်တွေလည်းမသွားချင်ဘူး အိမ်မှာပဲအလွယ်တကူပြုလုပ်ပြီး လက်သည်းခွံလေးတွေ ကျန်းမာချင်တယ်ဆိုရင်တော့ အခုပြောပြတဲ့နည်းလမ်းလေးတွေက အသုံးဝင်မယ်ထင်ပါတယ်။

လက်သည်းကိုအစိုဓာတ်ပေးပါ


အစိုဓာတ်ကိုတော့ ကျန်းမာတဲ့အသားအရေအတွက်တော့ ဦးစားပေးချင်းခံရပေမယ့်လည်း လက်သည်းအတွက်ဆိုရင် အမြဲလျစ်လျူရှုခြင်းခံရလေ့ရှိပါတယ်။လက်သည်းအစိုဓာတ်ဆုံးရှုံးခြင်းကြောင့် ကိုယ့်ရဲ့လက်သည်းလေးတွေက ဝါလာမယ်၊ ကြွတ်လာမယ်စတဲ့ ဆိုးကျိုးတွေကိုခံစားလာရနိုင်ပါတယ်။ လက်သန့်ဆေးရည်အသုံးပြုနှုန်းများခြင်းကြောင့်လည်း လက်သည်းအစိုဓာတ်ကိုလျော့နည်းစေနိုင်ပါတယ်။ Moisturizer လိမ်းခြင်းကလည်း လက်သည်းကိုအပြည့်အဝအစိုဓာတ်တော့ မပေးနိုင်ပါဘူး။ Fancy Cream ဒါမှမဟုတ် Nail Serum တွေကိုပါအသုံးပြုစေချင်ပါတယ်။

ရေနဲ့ထိတွေ့မှုများခြင်းကို ရှောင်ကြဥ်ပါ


ရေနဲ့ထိတွေမှုများခြင်းက အရေပြားကိုစုပ်ယူအား အရမ်းကောင်းတဲ့အတွက် နူးညံ့တဲ့လက်သည်းမှာရှိတဲ့ ဆဲလ်လေးတွေက ကြွတ်ဆတ်ခြင်း၊ အသားမာခြင်းနှင့် ကွဲအက်ခြင်းတို့ကိုဖြစ်စေပါတယ်။ ကိုယ်က ရေနဲ့ထိတွေ့မှုများပြီး အလုပ်လုပ်နေတဲ့သူတစ်ယောက်ဆိုရင်တော့ လက်အိတ်စွပ်ပြီး ရေနဲ့တိုက်ရိုက်ထိတွေမှုကို လျော့ချပေးစေချင်ပါတယ်။

ဆားရေစိမ်ပေးပါ


တစ်ပတ်ကိုတစ်ခါလောက်ဖြစ်ဖြစ် ပြုလုပ်ပေးသင့်တဲ့ အိမ်တွင်းနည်းလမ်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးက လုပ်ရတာလည်းလွယ်ကူပြီး လက်သည်းလေးတွေဖြစ်ဖြစ် ခြေသည်းလေးတွေပဲဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။ အနေတော်လောက်ပူတဲ့ရေနွေးဇလုံထဲကို ဆား၅ဇွန်းလောက်ထည့်ပေးပါ။ အချိန်ကိုတော့ ၁၅မိနစ်လောက်ဆိုရင် ရပါပြီ။ ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့် လက်သည်းအကြောလေးတွေကိုလည်း ပြေစေနိုင်တဲ့အပြင် လက်သည်းခွံလေးတွေကလည်း နူးညံ့စေနိုင်ပါတယ်။

အညစ်ကြေးတွေဖယ်ထုပ်ပါ


လက်သည်းထိပ်လေးမှာရှိတဲ့ အညစ်ကြေးလေးတွေက ဘက်တီးရီးယားပိုးတွေကိုမွှေးမြူပေးသလို ဖြစ်စေတဲ့အပြင်လက်သည်းပြားအောက်ကိုလည်း ရောက်စေနိုင်တဲ့အတွက် ကူးစက်စေနိုင်တဲ့ ရောဂါတွေဖြစ်စေဖို့အတွက် အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်က လက်သည်းအရှည်ထားတဲ့သူတစ်ယောက်ဆိုရင်လည်း လက်သည်းအထဲမှာ ရှိတဲ့ကြေးတွေကို မကြာခဏသန့်စင်ပေးဖို့လိုပါတယ်။
Photo Source – Free.pik