လူတိုင်းမှာ အနည်းဆုံးတော့ ဖိနပ် ၃ ၄ ရံ ရှိတတ်ကြပါတယ်။ ဖိနပ်က မြေကြီးနဲ့အမြဲတိတွေ့နေရတာမလို့ ဖိနပ်ကိုအိမ်မှာသိမ်းတဲ့အခါ သေချာထိန်းသိမ်းဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့်ဖိနပ်လှလှလေးတွေမြင်တိုင်း ဝတ်တတ်တဲ့လူတွေ ဖိနပ်တွေကို ပိုကြာကြာခံအောင်
သိမ်းနိုင်ဖို့ အဆင့်လေးဆင့်ရှိပါတယ်။

မှန်တဲ့ဆိုဒ်ရွေးပါ

ဖိနပ်ဝယ်တဲ့အခါ ကိုယ်ရဲ့ဆိုဒ်ဖြစ်ဖို့က အရေးကြီးပါတယ်။ ဖိနပ်ဆိုဒ်မမှန်ရင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြင် လမ်းလျှောက်တဲ့ပုံစံကိုလည်း ပြောင်းစေနိုင်ပါတယ်။

မကြာခဏဆေးပေးပါ

ဖိနပ်ကို မကြာမကြာဆေးတာက ဖိနပ်တွေကို ပျော့ပြောင်းစေပြီး ဘက်တီးရီးယား သို့မဟုတ် မှိုများပေါက်ပွားမှုကနေ ကာကွယ်ပေးပါတယ်။ ဆေးတဲ့အခါ စက်နဲ့ဆေးမယ့်အစား ဖိနပ်တွေကိုလက်နဲ့လျှော်ပေးပါ။

စနစ်တကျသိမ်းပါ

ပုံမှန်စီးလေ့ရှိတဲ့ဖိနပ်များကို ဝတ်ပြီးရင် လေဝင်လေထွက်ကောင်းအောင် အမြဲထားပါ။ နေရောင်ခြည်နဲ့ အကြာကြီးထိတွေ့ခြင်းကနေ ရှောင်ကြဉ်ပါ။အနံ့အသက်ဆိုးများ မကျန်အောင် ကာကွယ်ဖို့နဲ့ ဖိနပ်ရဲ့ ပုံသဏ္ဍာန်ကို ထိန်းသိမ်းဖို့ သတင်းစာနဲ့ကပ်ပါ။ မူရင်းသေတ္တာများနဲ့ သိမ်းပါ။

Insoles လဲပေးပါ

ဖိနပ်ရဲ့ Insoles က ဟောင်းနွမ်းဖို့ အမြန်ဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိုစွတ်မှုနဲ့ အနံ့အသက်တို့ကို ထိန်းထားလေ့ရှိပါတယ်။ Insoles တွေကို ပုံမှန်လဲပေးတာက ဖိနပ်ရဲ့သက်တမ်းကို ကြာရှည်ပါစေတယ်။