မိန်းကလေးတွေရဲ့သဘာဝဟာ ခေါင်းအစခြေအဆုံး Cosmetic ဝယ်ရုံနဲ့တင်မလုံလောက်ပါဘူး။ DIY နည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ Treatment တွေကိုယ်တိုင်လုပ်ရတာကိုလည်း ကြိုက်နှစ်သက်ကြပါ။ အနည်းဆုံးပျင်းပြီး နေ့တိုင်းမလုပ်နိုင်တာတောင်မှ တခါတလေတော့လုပ်ဖူးကြမှာပါ။ မျက်နှာဆိုလည်း မျက်နှာအလျှောက် ရှားစောင်တို့ သံပုရာသီးတို့ ပြားရည်တို့ ထောပတ်သီးတို့ ဒိန်ချည်တို့အစရှိသဖြင့် အိမ်အသုံးအဆောင်တွေကို အရင်းပြုပြီး ပြုလုပ်တတ်ကြပါတယ်။

အခုအခါမှာတော့ ပျိုမေတို့ဆံကေသာအတွက် အသုံးဝင်မယ့် DIY Healthy Hair Recipes ကို ဝေမျှပေးချင်ပါတယ်။ နဂိုလုပ်နေကြ ကြက်ဥတို့ သံလွင်ဆီတို့နဲမဟုတ်ပဲ ထူးဆန်းစေမယ့် နည်းလမ်းသစ်ကိုဖော်ပြပေးသွားမှာပါ။ အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆို ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားနိုင်မှာပါ။

ထူးခြားတဲ့နည်းလမ်းက ဘာလဲဆိုတော့ Beer နဲ့ပေါင်းတင်တာပဲဖြစ်ပါတယ်။ ဘီယာထဲမှာပါဝင်တဲ့ Malt နဲ့ Hop ဟာ သင့်ဆံကေသာအတွက် အလွန်ကောင်းမွန်စေပါတယ်။ ခုလျှော်လိုက်တာနဲ့ ဆံပင်ကို ပျော့ပြောင်းပြီး အိကျနေစေမှာဖြစ်ပါတယ်။ ကဲ DIY မှာပါဝင်မယ့် ပစ္စည်းတွေကို စပြီးပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ခေါင်းလျှော်တဲ့အခါမှာ ဘီယာ 1 Cup ရယ် Apple Cider Vinegar ကို ဆတူရောပြီး လောင်းပေးရမှာဖြစ်ပါတယ်။ ပထမတော့ လျှော်နေကြအတိုင်း ခေါင်းကိုလျှော်ပြီးတာနဲ့ ရောစပ်ထားတဲ့ Beer နဲ့ Apple Cider ကို ဆံပင်နေရာအနှံ့လောင်းပြီး ပွတ်ပေးကာ ၅မိနစ် ၁၀ မိနစ်လောက်ထားပြီးမှာ ရေနွေးနဲ့ ခေါင်းကို ဆေးချလိုက်ပါ။ ဘီယာအနံ့နံမှာကို မစိုးရိမ်ပါနဲ့ Apple Cider ကအနံ့ကိုစုပ်စေပါတယ်။ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေဟာလည်း မခက်ခဲဘူးဆိုတော့ အလွယ်တကူ ရှာတွေ့နိုင်မှာမို့ ဆံကေသာ ပျော့အိနေဖို့ စမ်းလုပ်ကြည့်သင့်ပါတယ်။

Source: AllWomenStalk