မင်္ဂလာပါ… ပျိုမဒီတို့ရေ…. သားရေနဲ့လုပ်ထားတဲ့ အိတ်တွေဆိုတာက သေချာထိန်းသိမ်းတတ်မယ်ဆိုရင် နှစ်ပေါင်းများစွာကြာရှည်ခံတဲ့အထိ  အကြာကြီးအသုံးပြုလို့ရပါတယ်နော်။  ဒါပေမယ့်လည်း အိတ်တွေကိုင်တဲ့အခါ သိမ်းတဲ့အခါ သားရေက အလွယ်တကူ စွန်းထင်းနိုင်တာမလို့ ၊ ဘယ်သားရေအမျိုးအစားပဲ ဖြစ်ဖြစ် အိတ်ကို ပုံမှန် ဂရုစိုက်ပေးဖို့တော့ လိုပါလိမ့်မယ်နော်။ အထူးသဖြင့် ယိုဖိတ်တတ်တဲ့ ကော်ဖီလိုမျိုး အစွန်းအထင်းတွေ ဖြစ်တဲ့အခါမျိုးမှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သားရေအိတ်တွေကို သေချာ ထိန်းသိမ်းနို်င်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုက်ဆံအိတ်ကို အလွတ်ထားပါ

အိတ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ဇစ်တွေအကုန်ဖွင့်ပြီး အညစ်အကြေးနဲ့ အမှိုက်တွေ ဖယ်ထုတ်ဖို့  ပိုက်ဆံအိတ်ကို ဇောက်ထိုးလှုပ်ယမ်းပြီး ခါချလိုက်ပါ။

အတွင်းကိုသန့်ရှင်းရေးလုပ်ပေးပါ

အိတ်မှာအတွင်းတစ်ထပ်ပါရင် အပြင်ဘက်သို့ ဆွဲထုတ်ပါ။ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေဖယ်ဖို့ Lint Roller ကို သုံးပေးပါ။ အတွင်းအိတ်မပါဘူးဆိုရင်တော့ အတွင်းပိုင်းကို ရေစွတ်ထားတဲ့ အဝတ်နဲ့ အသာလေးသုတ်ပေးပါ။

အပြင်ပိုင်းကို သုတ်ပေးပါ

သားရေအိတ်တွေကို သန့်ရှင်းဖို့ သားရေဆပ်ပြာကောင်းကောင်းဝယ်ပ ဆပ်ပြာနှစ်စက်လောက် ရေနွေးပူပူထဲကိုထည့်ပြီး သန့်ရှင်းနူးညံ့တဲ့ အဖြူရောင်အ၀တ်ကိုနှစ်လိုက်ပါ။ ရေညှစ်ပြီး သားရေအိတ်ရဲ့ အပြင်ဘက်ကို သုတ်ပေးပါ။

ပိုက်ဆံအိတ်ကို အခြောက်ခံထားပါ

သုတ်ပြီးရင် အိတ်ကို နောက်ထပ်အဖြူရောင်အစနဲ့ ခြောက်အောင် သုတ်ပေးပါ။ သားရေက ပိုပျော့ပျောင်းလာပြီး တောက်ပလာတယ်လို့ ခံစားရပါလိမ့်မယ်။

သတ္တုကိုင်းကိုသန့်ရှင်းပေးပါ

သတ္တုကိုင်းကို တောက်ပစေဖို့  သတ္တုရောင် သို့မဟုတ် ကြေးဝါသန့်စင်ဆေးကို အသုံးပြုပေးပါ။ ဆပ်ပြာမှာ ဂွမ်းစကိုနှစ်ပြီး သတ္တုပေါ်မှာ သုတ်ပြီး အစွန်းအထင်းတွေကို ဖယ်ရှားဖို့ အဖြူရောင်အစကို သုံးပါ။

ပျော့ဆေးသုံးပေးပါ

အပေါ်ကအဆင့်တွေ အကုန်ပြီးပြီဆိုရင်တော့ အိတ်ကို ပျော့ပြောင်းပြီး စွန်းထင်းမှုကို ခံနိုင်ရည်ရှိစေဖို့ Leather Conditioner ကို နောက်ဆုံးမှာ သုတ်ပေးပါ။

Source: thespruce