ချစ်သူရည်စားတွေဆိုတာက တစ်ယောက်အခက်အခဲနဲ့ရင်ဆိုင်နေရတယ်၊ ပြဿနာတွေဖြေရှင်းနေရတယ် စသည်ဖြင့်အေးအတူပူအမျှ အတူရှိပေးရတဲ့ လူနှစ်ဦးပါ။ အလုပ်တွေ အဆင်မပြေတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ ချစ်သူက ဘေးမှာ အေးအတူပူအမျှ မျှဝေပေးနေရင် အဲ့ဒီဒုက္ခဆင်းရဲတွင်းကြီးထဲက ရုန်းထွက်နိုင်ဖို့ ပိုလွယ်ကူပါတယ်။ ကိုယ့်ချစ်သူက စိတ်ဓာတ်ကျနေမယ် စိတ်အားငယ်နေတယ်ဆိုရင် သူအဆင်ပြေသွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့  စိတ်အားတက်အောင်လုပ်ပေးမလဲ။

နားထောင်ပါ

စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ရဲ့ အလိုအပ်ဆုံးအရာက ကိုယ်ဖြစ်နေတဲ့ပြဿနာတွေကိုနားထောင်ပေးနိုင်တဲ့သူမျိုးပါ။ ကိုယ်သိတယ် တတ်တယ်ဆိုတဲ့သူမျိုးက သူတို့အတွက် ပိုပြီးစိတ်ဓာတ်ကျလွယ်စေနိုင်ပါတယ်။ သူတို့ပေါက်ကွဲတာတွေ၊ အော်ပြောတာတွေတို့ သေချာလေးနားထောင်ပေးလိုက်ပါ။ စိတ်အေးပြီးဆိုမှာ အကြံပေးတာမျိုးလုပ်သင့်ပါတယ်။

ဂရုစိုက်ပေးပါ

ကိုယ့်ချစ်သူက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရပြီး ညဘက်အိပ်မပျော်တာတွေ၊ အစားပုံမှန်မစားတာတွေ၊ စိတ်နဲ့ကိုယ်နဲ့ မကပ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုး အခြေအနေဆိုရင် သူ့ဘေးနားမှာနေပြီး ဟင်းချက်ကျွေးတာပဲဖြစ်ဖြစ်၊ သူပျော်အောင် ဟာသတွေ ပြောတာမျိုးဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

Therapy တွေနဲ့ဆွေးနွေးကြည့်ဖို့ အကြံပေးပါ

Therapy တွေနဲ့ဆွေးနွေးတိုင်ပင်တာက ရှက်စရာမဟုတ်ပါဘူးနော်။ တစ်ချို့အရာတွေမှာ ကိုယ်မမြင်နိုင်တဲ့ အခက်အခဲလေးတွေရှိနေတတ်ပါတယ်။ နားလည်းတဲ့ ဆေးဝါးပညာရှင်တွေနဲ့ ကိုယ်ပြဿနာကိုဆွေးနွေးတိုင်ပင်တာမျိုးက လုပ်ပေးသင့်ပါတယ်။ ကိုယ်ဖြစ်နေတဲ့ ခံစားချက်လေးက ပေါ့သွားစေမှာပါနော်။
Photo Source – Free.pik