အလုပ်တွေများပြီး ညဘက်တွေကောင်းကောင်းမအိပ်ဖြစ်ဘူး။ မနက်နိုးလာတဲ့အချိန် ကိုယ့်မျက်လုံးကိုကြည့်လိုက်ရင်လည်း Panda Eyes လိုဖြစ်နေတယ်။ မျက်ကွင်းညိုတဲ့ အကြောင်းအရင်းတွေက ဖုန်းတွေအသုံးများခြင်း၊ ရေဓာတ်နည်းခြင်း၊ မျိုးရိုးလိုက်ခြင်း၊ နေလောင်ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့်လည်း မျက်ကွင်းညိုတာကို ဖြစ်စေနိုင်ပါတယ်။ အခုခေတ်မှာတော့  မျက်ကွင်းညိုတာကတော့ အရမ်းကြီးStress ဖိစရာတော့ မလိုတော့ပါဘူး။ မိတ်ကပ်တွေနဲ့ ဖုံးထားလို့လည်းရသလို Eyes Cream တွေ၊ အိမ်တွင်းသဘာဝနည်းလမ်းတွေနဲ့လည်း ပျောက်ကင်းအောင်လုပ်ပေးလို့ ရပါတယ်။ တစ်ချို့လူတွေကလည်း မျက်ကွင်းညိုတာက မျက်လုံး အောက်မှာညိုမည်းစွဲနေတာတွေ မျက်အိတ်ဖောင်းတဲ့သူတွေဆို ပိုပြီး သိသာထင်ရှားတတ်ကြပါတယ်။ ကဲ့..ဒီတော့ အိမ်မှာသဘာဝနည်းလမ်းတွေနဲ့ အိမ်မှာပဲအလွယ်တကူ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲ ဆိုတာမျှဝေပေးချင်ပါတယ်။

 အိပ်ရေးဝဝအိပ်ပါ

ငါအိပ်တယ်ဆိုရုံမျှမအိပ်ပါနဲ့ လူတွေကအိပ်ရာဝင်ရင် အပူပင်တွေ ငါမနက်ဖြန်အလုပ်တွေများကြီးပဲ ငါဒီဟာတွေမပြီးသေးဘူးစသည်ဖြင့် မဖြစ်လာသေးတာကို ပိုပြီးပူပန်တတ်ကြပါတယ်။ စိုးရိမ်စိတ်တွေက အိပ်ရေးပျက်ခြင်းကိုပိုပြီး တွန်းအားပေးတတ်ကြပါတယ်။ ဒါကြောင့် ညဘက်တွေအိပ်တဲ့အခါမျိုးမှာ နှစ်ခြိုက်စွာ အိပ်ပါ။ အိပ်တဲ့အချိန်ကိုလည်း ၆နာရီအောက်မလျော့ အောင်အိပ်ပေးသင့်ပါတယ်။

ရေခဲကပ်ပါ

အိမ်မှာရှိတဲ့ရေခဲထုပ်ကို အသုံးပြုလို့လည်းရပါတယ်။ အအေးဓာတ်က မျက်လုံးအိတ်ဖောင်းတာတွေ၊ မျက်လုံးညိုမည်းစွဲတာတွေ သက်သာစေပါတယ်။ တစ်နေ့ကိုမျက်လုံးတစ်ဝိုက်ကို ၁၅မိနစ်လောက် ကပ်ပေးရပါမယ်။ ပြီးသွားရင်တော့ Eyes Cream လေးလိမ်းပေးသင့်ပါတယ်။

လက်ဖက်စိမ်းကပ်ပါ

အိမ်မှာရေနွေးသောက်ပြီး ချန်ထားတဲ့လက်ဖက်ခြောက်တွေကိုလည်း ထောင်းပေးရပါမယ်။ရလာတဲ့ လက်ဖက်ကိုတော့ မျက်လုံးအနီးတဝိုက်မှာ Mask လိုမျိုးကပ်ပေးလို့ရပါတယ်။ မိနစ် ၂၀လောက်ထားပြီး ခြောက်သွားရင်တော့ ရေနွေးလေးနဲ့ဖြစ်ဖြစ် ရေဆေးချပေးရပါမယ်။ လက်ဖက်မှာက ကဖင်းဓာတ်ပါဝင်တဲ့အတွက် မျက်ကွင်းညိုတာတွေကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

Photo Source – Free.pik