အခုလိုရှုပ်ထွေးပွေလီတဲ့ လောကကြီးမှာ စိတ်ညစ်စရာတွေ ဝမ်းနည်းစရာတွေက လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ အရာတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် လူ့ဘဝမှာ ပျော်ရွှင်ချင်တယ်ဆိုရင် ဒီပျော်ရွှင်မှုကို တကူးတကကြီး လိုက်ရှာနေစရာ မလိုပါဘူး။ စိတ်ညစ်စရာတွေကင်းကင်းနဲ့ ပျော်ရွှင်ရဖို့အတွက် ကိုယ့်ရဲ့လက်ရှိရထားတဲ့ ဘဝပုံစံကို လက်ခံလိုက်ဖို့ပါပဲ။

ကဲ..ဒါ့အပြင် စိတ်ဖိစီးမှုကင်းကင်းနဲ့ စိတ်ပေါ့ပါးပျော်ရွှင်ဖို့ ကိုယ်တိုင်လုပ်ယူနိုင်တဲ့အရာလေး‌တွေကို ပြောပြပေးလိုက်ပါတယ်နော်။

သင်အကြိုက်ဆုံးသီချင်းကို နားထောင်ကြည့်ပါ

အသက်ပြင်းပြင်းရှူရှိုက်လိုက်ပါ

ကိုယ့်အတွေးတွေကို ချရေးပါ

အာဟာရရှိပြီး အရသာကောင်းတဲ့ အစားအသောက်တွေကို ကိုယ်တိုင် ချက်စားကြည့်ပါ

အပြင်မှာထွက်ပြီး ပြေးပါ

စိတ်ငြိမ်းချမ်းစေဖို့ တရားထိုင်ကြည့်ပါ

Social Mediaကို မသုံးပဲ့ နေကြည့်လိုက်ပါ

Phone ကို Airplane Modeလုပ်ပြီး လောကကြီးနဲ့ခဏအဆက်အသွယ်ဖြတ်ပြီး နေကြည့်ပါ

သဘာဝရှုခင်းတွေပြည့်နှက်နေတဲ့နေရာတွေမှာ လမ်းလျှောက်ပြီး သဘာဝအလှတရားကို ခံစားကြည့်ပါ