လူတိုင်းမှာ ကိုယ်ရဲ့ Personal Style ဆိုတာ ရှိပါတယ်။ ဒါဟာ ရုပ်ရည်နဲ့ မဆိုင်တဲ့ လူတစ်ယောက်ရဲ့ အမှတ်လက္ခဏာပုံစံတစ်ခု ဖြစ်ပါတယ်။ Personal Style ရှိသူတွေဟာ လူအများကြားမှာ ထင်ပေါ်ပါတယ်။ ဒီထက် အရေးကြီးတာက ကိုယ်ပိုင်ဟန်ရှိခြင်းနဲ့ အဲဒီကိုယ်ပိုင်ဟန်ကို မြှင့်တင်ခြင်းဟာ တန်ဖိုးတစ်ခုဖြစ်ပါတယ်။ထူးချွန်ထင်ရှားသူတွေဟာ သူတို့ရဲ့ ပင်ကိုယ်ဟန်နဲ့ပဲ နေထိုင်ပါတယ်။ သင်လည်း တစ်ခြားသူတွေကို အတုခိုးတာထက် သင့်ပင်ကိုင်ဟန်ကို မွမ်းမံလိုက်မယ်ဆိုရင် ထူးခြားတဲ့ ရလဒ်တွေ ပိုင်ဆိုင်နိုင်ပါတယ်။

ဒီတော့ ပင်ကိုယ်ဟန်ကို အဆင့်မြှင်တင်မယ်ဆိုရင် ဒါတွေကို အရင်သိထားဖို့ လိုမှာပါ။

(၁) သင့်ကိုယ်သင် ပြန်သုံးသပ်ပါ

Photo: Freepik

ပင်ကိုယ်ဟန်ကို မြှင့်ရာမှာ အရင်ဆုံး သိရမှာက သင့်ရဲ့ ထူးခြားမှုက ဘာလဲ ၊ သင့်ပုံစံက သူတကာနဲ့ ဘာကွာနေသလဲ ဆိုတာကို ဂရုတစိုက် လေ့လာကြည့်ဖို့ပဲ ဖြစ်ပါတယ်။ သင်က ဝသလား ၊ အကောင်ကြီးသလား ၊ ပိန်သလား ၊ ပုသလားနဲ့ သင့်ပုံစံက ဘယ်လို ရှိသလဲဆိုတာကို အရင် သိအောင် လုပ်ပါ။ သင့်ရဲ့ Personal Style ကို ပုံဖော်ရာမှာ သင့်ကိုယ်ခန္ဓာအကြောင်း နားလည်ထားတာက အခြေခံအကျဆုံးပါပဲ။

(၂) သင့်နေမှုပုံစံကို သိပါ

Photo: Freepik

သင့်ရဲ့ Lifestyle ကို သိပြီး အသုံးချမှုကလည်း အရေးကြီးပါတယ်။ သင်ဘယ်လိုမျိုး ဝတ်တာနဲ့ အလိုက်ဖက်ဆုံးလို့ ကိုယ့်ကိုယ်ကို ထင်သလဲ။ ဘယ်လိုကာလာတွေ ဝတ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိသလဲ။ သင်ကြိုက်တာကိုပဲ သင်ဝတ်ပါ။ အမြဲတမ်း ကြိုက်နေတဲ့ အရာ‌တော့ ဖြစ်သင့်ပါတယ်။ အကြောင်းကတော့ သင့်ရဲ့ စတိုင် Trademark က ဘာလဲဆိုတာ အမြဲပဲ ရည်ညွှန်းနေမှာ ဖြစ်လို့ ပါပဲ။

(၃) ထူးခြားတဲ့ အသုံးအဆောင် ရှိပါစေ

Photo: Freepik

တစ်ချို့လူတွေကို နာမည်မေ့ချင်နေမယ်။ All Black Suit အမြဲဝတ်တဲ့သူ ဒါမှမဟုတ် Rado ပုံရိုး နာရီနဲ့လူ စသည်ဖြင့် သူ့ကို ဖော်ပြနေတဲ့ ID တစ်ခု ရှိနေပါတယ်။ သင့်မှာရော အဲသလို ကွဲပြားတဲ့ Accessory တစ်ခု ရှိထားပြီလား။

(၄) Trend တွေနောက် မလိုက်ပါနဲ့

Photo: Freepik

Personal Style မှာ အရေးကြီးဆုံးလို့တောင် ညွှန်းရမှာက ဘယ်ဖက်ရှင်ရေစီးနောက်မှ မလိုက်ဖို့ပါပဲ။ သင်ဟာ သင်ပဲ ဖြစ်တယ်ဆိုတာကို သက်သေပြနေပါ။ Personal Style တစ်ခု တည်ဆောက်ခြင်းရဲ့ ပန်းတိုင်ဟာ Trends တွေရဲ့ ကျေးကျွန် ဖြစ်ဖို့ မဟုတ်ပါဘူး။ သင့်ရဲ့ ကွဲပြားမှုကို သင်ကိုယ်တိုင် ကျေကျေနပ်နပ်ကြီး လက်ခံနေဖို့ ဖြစ်ပါတယ်။