လုပ်ငန်းခွင်ထဲမှာ အောင်မြင်မှုရရှိခြင်း မရရှိခြင်းဟာ သင့်ရဲ့ Confidence ရှိမှု၊ မရှိမှုပေါ်မှာ အများကြီး မူတည်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိလေ ပိုအောင်မြင်လေပါပဲ။

ဒီလိုအောင်မြင်မှုရရှိဖို့အတွက် လုပ်ငန်းခွင်ထဲ ဝင်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် Confidence ရှိအောင် ဘယ်လိုတည်ဆောက်ယူရမလဲ မသိတဲ့သူများအတွက် ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

ဝေဖန်တိုက်ခိုက်မှုများကို ခေါင်းထဲ မထည့်ပါနဲ့

သင့်ကို မနာလိုသူများကတော့ သင့်ရဲ့နောက်ကွယ်မှာတစ်မျိုး သင့်ရှေ့မှာတစ်ဖုံ နည်းအမျိုးမျိုးနဲ့ အပုတ်ချပြီး သင် စိတ်ဓာတ်ကျအောင် ဝေဖန်နေမှာပါပဲ။ သူတို့ရဲ့ဝေဖန်မှုကို တစ်ရေးတစ်ယူလုပ်ပြီး ခေါင်းထဲထည့်ထားလို့ကတော့ သင်ပဲ စိတ်ဆင်းရဲပြီး Confidence တွေ ကျသွားပါလိမ့်မယ်။

ကိုယ့်ရဲ့ အရည်အချင်းများကို မြှင့်တင်ပါ

အချိန်ရှိသရွေ့ များများသင်ယူလေ့လာခြင်းအားဖြင့် ကိုယ့်ရဲ့ဗဟုသုတကို တိုးမြှင့်နိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း သင်ယူလေ့လာခြင်းက အောင်မြင်သူတို့ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တို့ပဲဖြစ်ပါတယ်။

ပြုံးပါ

အပြုံးသည် လူတစ်ယောက်ကနေ အခြားတစ်ယောက်ထံသို့ ကူးစက်တတ်ပါတယ်။ သင့်သည် အမြဲတစေ ပြုံးရွှင်နေပါက စိတ်ညစ်စရာများကင်းဝေးပြီး သင့်ရဲ့စိတ်ထဲမှာ အကောင်းမြင်စိတ်များသာ ကိန်းအောင်းနေပါလိမ့်မယ်။ ထိုအကောင်းမြင်စိတ်သည် ကိုယ့်ရဲ့Confidence Level ကို မြှင့်တင်စေဖို့အတွက် ကူညီဗပးပါတယ်။

ဒီနေ့ကစပြီး သင် ရုံးရောက်တဲ့အခါ ဒီနည်းလမ်းများကို ကျင့်သုံးကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ တဖြည်းဖြည်းတိုးမြှင့်လာတာကို သိသိသာသာတွေ့မြင်နိုင်ရပါလိမ့်မယ်။