ကြီးကြီးမားမားပြဿနာကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေကြတဲ့ချစ်သူတွေနဲ့ ယုံကြည်မှုပျက်စီးသွားတဲ့ ချစ်သူတွေအတွက် နှစ်ဦးကြားမှာ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ပြီး ဖြစ်ခဲ့တာတွေ၊ မရှင်းခဲ့တာတွေကို ပြန်ဖြေရှင်းပါ။ ပွင့်ပွင့်လင်းလင်းပြောပြီး တစ်ယောက်နဲ့ တစ်ယောက် ပြန်ညှိုယူပါ။ တောင်းပန်စရာရှိရင် တောင်းပန်ပြီး နှစ်ယောက်လုံး စိတ်သက်သာရာရအောင်လုပ်ပါ။

နှစ်ယောက်လုံးမပြတ်နိုင်ရင် တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်ပေးပြီး ပြန်ပြေလည်လိုက်ပါ။ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ကတော့ တစ်ယောက်မကြိုက်တာကို တစ်ယောက်က မလုပ်တာမျိုး၊ မသိအောင်ခိုးလုပ်တာမျိုးတွေကို ရှောင်ရပါမယ်။ ကတိပေးပြီးရင် ရှေ့မှာပဲဖြစ်ဖြစ်၊ နောက်ကွယ်မှာပဲဖြစ်ဖြစ် တည်ပါ။ ဒါမှ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မှာပါ။

တစ်ယောက်နဲ့တစ်ယောက် မာန်မာနတွေမထားပဲ ရင်းရင်းနှီးနှီးပြန်နေပြီး ပျော်ရွှင်စရာကောင်းတာတွေပဲ ရွေးလုပ်ပါ။ အရင်ထက်လည်း ကိုယ့်ချစ်သူအပေါ်မှာ ပိုဂရုစိုက်ပြပြီး ပိုချစ်ပေးပါ။ ပြန်ပြေလည်တုန်းခဏပဲ လုပ်ပြတာမျိုးမဟုတ်ပဲ အမြဲတမ်းအတွက်ပါ။ ဒါမှလည်း ယုံကြည်မှုတွေ ပိုမိုုခိုင်မြဲလာပြီး အရင်ထက်ပိုပျော်ရွှင်ရတဲ့ အချစ်ရေးဖြစ်လာမှာပါ။

Photo Source: www.freepik.com