မင်္ဂလာပါ… ပျိုမဒီတို့ရေ….  အခုဆိုရင် Braces တပ်တဲ့ လူတော်တော်များများကို သင်တွေ့ဖူးမှာပါ။ သင်ကော သွားကျန်းမာရေးနဲ့အလှအတွက် Braces တပ်ထားတဲ့လူလား ? Braces တက်ထားတယ်ဆိုရင်တော့ သူ့ကို သန့်ရှင်းရေးလုပ်ဖို့က အထူးအရေးကြီးပါတယ်။

ပထမတော့ Braces တပ်ထားရင် သွားတိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သွားတိုက်တာက အရမ်းအရေးကြီးပါတယ်။ ဒါဆို အဲဒီရှေ့က Bracket ကြီးတွေနဲ့ သင့်ရဲ့သွားတွေကို သန့်ရှင်းစေဖို့ ဘယ်လိုသန့်ရှင်းရေး လုပ်လို့ရမလဲ ?

ရေနဲ့ပလုတ်ကျင်းပါ

ဘာမှမလုပ်ခင် ပါးစပ်ကို ရေနဲ့အရင် ပလုတ်ကျင်းပေးပါ။ ပလုတ်ကျင်းတာက အစာအမှုန်အမွှားတွေကို အံ့သြလောက်အောင် သန့်ရှင်းစေနိုင်ပါတယ်။

မှန်ကန်တဲ့ Tools များကိုသုံးပေးပါ

သွားတိုက်တဲ့အခါ Braces တပ်ထားတဲ့လူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ပျော့ပျောင်းပြီး လုံးဝန်းတဲ့သွားတိုက်တံနဲ့ ဖလိုရိုက်သွားတိုက်ဆေးကို သုံးပေးပါ။ မာတဲ့သွားတိုက်တံတွေက သွားဖုံးတစ်ရှူးများကို ပျက်စီးစေနိုင်တာကြောင့်ပါ။

သွားဖုံးကို 45° ထောင့်ထားပြီး တိုက်ပေးပါ

သွားတိုက်တဲ့အခါ  သွားတွေရဲ့ အောက်ခြေတစ်ဝိုက်က ပိုးမွှားတွေကို လှုံ့ဆော်ပေးနိုင်အောင်လို့ သွားဖုံးတွေကို  45° ထောင့်ထားပြီး အရင်တိုက်ပေးပါ။ တိုက်တဲ့အခါ သွားဖုံးတွေမထိခိုက်အောင် ဖြည်းဖြည်းချင်း တိုက်ပေးပါ။

Bracket တစ်ခုစီကိုတိုက်ပါ

သွားတိုက်တဲ့အခါ ပိုးမွှားတွေပြောင်တာသေချာစေဖို့ Bracket တစ်ခုချင်းစီကို ညင်ညင်သာသာလေး တိုက်ပေးပါ။ အလျင်စလိုလုပ်မိရင် သွားတွေကို မတော်တဆ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် Flosser သို့မဟုတ် Waterpik ကိုသုံးလို့ရပါတယ်။