Jeans Fashion ဆိုတာဘယ်တော့မှ ရိုးမသွားတဲ့ဖက်ရှင်တစ်ခုလို့လည် ပြောလို့ရတဲ့အရာတစ်ခုပါ။ အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများကလည်း Jeans Coat လေးတွေကိုဝတ်ဆင်လာပြီး ဖက်ရှင်ကျကျသွားလာနေကြတဲ့ ခေတ်ဆိုတော့ ကိုယ်နဲ့ကြီးနေတဲ့ Jeans Coat ဆိုရင်လည်း အထာကျကျနဲ့ဝတ်စားလို့ရမယ့် ဖက်ရှင်မျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီလိုဖက်ရှင်မျိုးဆိုရင်လည်း ကြည့်လိုက်တာနဲ့အထာကျကျလေးဖြစ်နေတာ သိသာစေတယ်နော်။ အရမ်းမိုက်နေတဲ့ပုံစံမျိုး မဟုတ်ပေမယ့် မိန်းကလေးပုံစံလည်း မပျက်သွားစေပဲ လှပနိုင်မှာပါ။

မျက်လုံးထဲမှာ ထင်သာစေတဲ့အရောင်မျိုးလေးကို ရွေးချယ်ပြီး ဒီလိုတွဲဖက်ပြီးဝတ်ဆင်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်စေပြီး မြင်တဲ့သူတိုင်းကို ဒီဖက်ရှင်တိုင်းလေးပဲ ဆွဲဆောင်နိုင်နေမှာပါ။

သူငယ်ချင်းတွေနဲ့ ညဘက်မှာချိန်းထားတယ်ဆိုရင်လည်း ဒီလိုဖက်ရှင်မျိုးဆိုရင် တော်တော်ကိုပြည့်စုံနေပြီလို့ပြောလို့ရပါတယ်။ လွတ်လွတ်လပ်လပ်ရှိပြီး အရမ်းလည်းပေါ့ပျက်ပျက်မရှိတဲ့ ဖက်ရှင်မျိုးဆိုတော့ အဆင်ပြေမယ်လို့ထင်ပါတယ်။

ကိုယ့်ရည်းစားရဲ့ ဂျင်းအင်္ကျီနဲ့ပဲဖြစ်ဖြစ် ဒီလိုမျိုးတွေဝတ်ပြီး အထာကျကျနဲ့ လှပနိုင်ပြီပေါ့။

Photo Source: TheEveryGirl