ရယ်လိုက်တဲ့အချိန် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သွားဖြူဖြူလေးတွေက သင့်အလှကို အပိုဆောင်း တိုးစေမယ့် ဆုလာဒ်တွေ ဖြစ်ပါတယ်။ အခုဆိုရင် သွားဖြူဖို့ သွားဆေးခန်းတွေမှာပါ လုပ်လို့ရနေပါပြီ။ ဒါပေမဲ့ သင်က အကုန်အကျများလို့ သွားဆေးခန်းမှာ မလုပ်ချင်ရင်တော့ ဒီနည်းလမ်းတွေအတိုင်း ပုံမှန်လုပ်ပေးသင့်ပါတယ်။

၁။ မနက်တစ်ခါ ညတစ်ခါ ပုံမှန်သွားတိုက်ပေးပါ

လူအချို့က မနက်မှာ သွားတိုက်တတ်ပေမယ့် ညဘက် မတိုက်ဘဲ နေတတ်ပါတယ်။ သင့်သွားသန့်ရှင်းနေဖို့ တစ်နေ့မှာ တစ်ကြိမ်ထက် ပိုပြီး သွားတိုက်သင့်ပါတယ်။ သွားဖြူစေဖို့ ရည်ရွယ်ထားတဲ့ သွားတိုက်ဆေးသုံးပြီး ပုံမှန်တိုက်ပေးသင့်ပါတယ်။

၂။ သွားတိုက်ပြီးနောက်သွားပွတ်ကြိုးနဲ့ Floss လုပ်ပေးပါ

သွားပွတ်ကြိုးက သွားတိုက်တံ မရောက်နိုင်တဲ့ နေရာတွေအထိ အစာအကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ သွားပွတ်ကြိုးနဲ့ ပုံမှန် Floss လုပ်ပေးရင် သွားပိုတောက်ပလာနိုင်သလို သွားပိုးစားတာကိုလည်း ကာကွယ်ရာရောက်ပါတယ်။

၃။ သွားတိုက်ပြုတ်ကို နှစ်လ သုံးလနေရင် လဲပေးပါ

သွားပွတ်တံက အချိန်ကြာလာတဲ့အခါ ထိပ်ကလေးတွေ ပဲ့ပြီး အရင်ကလောက် သွားတွေကို မသန့်ရှင်းပေးနိုင်တော့ပါဘူး။ သွားတိုက်တံ မကောင်းတော့တဲ့အခါ သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သွားပိုဝါစေပါလိမ့်မယ်။

၄။ မုန့်ဖုတ်ဆိုဒါ

သွားဖြူလာဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ သံပယိုရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး သွားတိုက်ပေးနိုင်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီး၊ ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး သွားဖြူအောင် ကြိုးစားနိုင်ပါသေးတယ်။

၅။ အုန်းဆီ

ဒီနည်းလမ်းက သင့်အတွက် ထူးဆန်းနေနိုင်ပါတယ်။ အုန်းဆီတစ်ဇွန်းကို ပါးစပ်ထဲ ထည့်ပြီး သွားတွေနဲ့ ထိအောင် ပါးစပ်ထဲ အပြောင်းအရွှေ့လုပ်ပေးရပါမယ်။ ပြီးနောက် သွားတိုက်ပေးရပါမယ်။ အုန်းဆီက သွားမှာကပ်နေတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးပြီး သွားဖြူလာစေပါတယ်။

၆။ နှုတ်ခမ်းနီ

နှုတ်ခမ်းနီအရောင်ကို ရွေးတဲ့အခါ သွားဖြူတယ်ထင်ရစေမယ့် လိမ္မော်နီဘက် သွားတဲ့အရောင်တွေ၊ အနီရောင်တွေကို ရွေးချယ်သင့်ပါတယ်။ အရောင်မှိန်တဲ့ နှုတ်ခမ်းနီတွေက သွားပိုဝါတယ်လို့ ထင်ရစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar