မိန်းကလေးတစ်ယောက်ရဲ့ အပျော်ရွှင်ရဆုံး အချိန်တွေထဲမှာ ချစ်ရသူဆီက လက်ထပ်ခွင့် တောင်းခံရတဲ့အချိန်လည်း ပါဝင်ပါတယ်။ သူပေးတဲ့ လက်စွပ်လေးကို ကြည့်မဝ ဖြစ်နေမယ့်အပြင် ပါးစပ်စိလို့ မရတဲ့ အထိ ပြုံးမိတာကိုလည်း Propose လုပ်ခံခဲ့ရတဲ့ ပျိုမေတိုင်း သိမှာပါ။ သင်က လက်ရှိအချိန်မှာ ချစ်ရသူဆီက Propose မလုပ်ခံရသေးရင်တောင် တစ်ချိန်ချိန် ဖြစ်လာခဲ့ရင် အသုံးဝင်လိုဝင်ငြား ဒီ အကြောင်းအရာကို သိမ်းထားသင့်ပါတယ်။ ဒီတော့ Propose လုပ်တာကို ဓာတ်ပုံတွေနဲ့ ဘယ်လို အထာကျကျ ကြွားနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ သူ့ကို ဖက်ထားခိုင်းမယ်

ကောင်လေးရဲ့ မျက်နှာကို မပြချင်သူ ပျိုမေတို့ လုပ်နိုင်မယ့် ပို့စ်ပါ။ သူ့ကို ဖက်ခိုင်းထားပြီး သင်က ကင်မရာဘက် ကြည့်ကာ လက်စွပ်ကို ပြနိုင်ပါတယ်။

၂။ နှစ်ယောက်ဆင်တူ

သင်တို့နှစ်ဦးက ရိုးရိုးရှင်းရှင်းပဲ ဆိုင်မှာ လက်စွပ်သွားဝယ်တယ်ဆိုရင် ဒီလို ပုံစံလေးက Romantic ဆန်ပါတယ်။

၃။ သူ့ကို လက်စွပ်ဝတ်ခိုင်းမယ်

ကိုယ်က “YES” လို့ ပြောပြီးတာနဲ့ သူက ဝတ်ပေးတဲ့အချိန် အမိအရလေး ဓာတ်ပုံရိုက်ထားနိုင်ပါတယ်။

၄။ မျက်နှာမပြချင်ရင်

နှစ်ယောက်လုံး မျက်နှာမပြဘဲ My Day ဒါမှမဟုတ် Post တင်ချင်ရင်တော့ ဒီလို လက်ကိုင်ထားတာလေးက အိုင်ဒီယာကောင်းပါပဲ။

၅။ သူ့ရင်ဘတ်ပေါ် တင်ထားမယ်

ကိုယ်မှီနေကျ သူ့ရင်ဘတ်ပေါ်မှာ ကိုယ့်လက်စွပ်ဝတ်ထားတဲ့ လက်ကလေးတင်ရင်း ကြွားနိုင်ပါတယ်။

၆။ အထာကျကျ

သူက ကိုယ့်မျက်နှာနားလေး ကပ်နေတဲ့အချိန် ကိုယ်က ခွက်လေး ကိုင်သလိုနဲ့ လက်စွပ်ကို ပြနိုင်ပါတယ်။

၇။ သူ့ကို ဖက်ထားတဲ့အချိန်

ကိုယ်အားကိုးမယ့် ချစ်သူကို ဖက်ထားတဲ့အချိန် လက်ကလေးကို ဓာတ်ပုံထဲ မြင်ရအောင် ပြနိုင်ပါတယ်။

၈။ နောက်ကနေ ဖက်ခိုင်းမယ်

ဒီပုံစံလေးကတော့ လက်စွပ်ကြွားတာမဟုတ်ဘဲ Propose လုပ်ခံရတဲ့ လုပ်နိုင်မယ့် Romantic ဆန်ဆန် ပို့စ်လေးပါ။

၉။ ကိုယ့်ပေါင်ပေါ် တင်ထားတဲ့အချိန်

ကိုယ်က ပုံမှန်လေး ပေါင်ပေါ် လက်တင်ပြီး နေတဲ့အချိန် သူ့ကို လက်ကိုင်ခိုင်းနိုင်ပါတယ်။

၁၀။ အနောက်ကနေ အကြင်နာပေးမယ်

အနောက်ကနေ ကိုယ့်ကို တယုတယ ပွေ့ဖက် အနမ်းပေးချိန်မှာ သင်က လက်ကလေးကို မြင်ရအောင် ပို့စ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar