ငါးကြီးဆီက ကြွယ်ဝတဲ့အိုမီကာ ၃ ပါဝင်တဲ့အတွက် ရရှိလာတဲ့အကျိုးကျေးဇူးတွေကလည်း များသလိုအသုံးပြုရတာကလည်း လွယ်ကူတဲ့အတွက် အရမ်းကိုကောင်းပါတယ်။ ငါးကြီးဆီက Fatty Acids တွေပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ဖြည့်စွက်စာ အနေနဲ့လည်းစားပေးလို့ရပါတယ်။ ကဲ့ဒီလိုဆိုရင် အလှအပဆိုင်ရာအတွက် ငါးကြီးဆီက ဘာတွေအကျိုးပြုနိုင်လဲ ဘယ်လိုတွေအသုံးဝင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဆံပင်သန်ခြင်း 

Clinical and Aesthetic Dermatology ဂျာနယ်တစ်ခုမှာ ပါဝင်တဲ့လေ့လာမှုတစ်ခုအရ ငါးကြီးဆီက ဆံပင်အားကောင်းအောင်လည်းလုပ်ပေးနိုင်သလို၊ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Fatty Acids ကိုလည်းဖြည့်တင်းပေးနိုင်ပါတယ်နော်။ ဆံပင်ပါးတဲ့သူတွေ၊ ဆံပင်ပေါက်တာ အားနည်းတဲ့သူတွေဆိုရင် ငါးကြီးဆီကို တစ်နေ့ကိုတစ်လုံး ပုံမှန်လေး စားပေးသင့်ပါတယ်နော်။

အသားအရေကောင်းမွန်ခြင်း 

လူငယ်တွေဆိုရင် ငါးကြီးဆီကိုအသက်၂၀ကျော်ရင် ဖြည့်စွက်စာအနေနဲ့ သောက်ပေးလို့ရပါတယ်။ လူငယ်တွေက ဖုန်းတွေ၊Laptop တွေကိုနေ့စဥ်ထိတွေ့ သုံးစွဲနေရတဲ့အတွက် အာရုံကြောထိခိုက်လာနိုင်ပါတယ်။ ပျိုပျိုမေမေတွေဆိုရင် အသားအရေကြည်လင်ဖို့ အရွယ်မတိုင်ခင် အိုမင်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ခြောက်သွေ့တဲ့ လက်သည်းခွံ

တစ်ချို့လူတွေက သွေးအားနည်းပြီးတော့ လက်သည်းအခွံလေးတွေမှာ အဖြူကြောင်းလေးတွေထွက်လေ့ရှိပါတယ်။ ဒါက ခန္ဓာကိုယ်မှာသွေးအားနည်းခြင်းကို ပြတဲ့လက္ခဏာဖြစ်ပါတယ်။ ငါးကြီးဆီကလက်သည်းခွံညိုမဲစွဲတာတွေ၊ လက်သည်းတွေပါးတာမျိုးတွေဖြစ်လာရင် ငါးကြီးဆီဆေးလုံးလေးတွေကိုဖောက်ပြီး လက်သည်းခွံအနီးတစ်ဝိုက် လိမ်းပေးလို့ရပါတယ်။

Photo Source – Free Pik