ဒီကမ္ဘာမှာ သင့်ကို ချစ်တဲ့လူတစ်ယောက်မှ မရှိဘူး။ ဂရုစိုက်မယ့်လူတစ်ယောက်မှ မရှိဘူးလို့ ခံစားနေရရင်၊ အထီးကျန်နေရင်တော့ဒီအကြောင်းအရာ က သင့်အတွက်ပါပဲ။ အထီးကျန်ခြင်းကို တိုတ်ထုတ်နိုင်ဖို့ ဒီအချက်တွေကို လိုက်နာကြည့်ပါနော်။

၁။ အထီးကျန်တဲ့စိတ်က ကိုယ့်စိတ်အထင်ပါ


ဒီကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ တစ်ယောက်တည်းနေတဲ့သူတွေရှိပါတယ်။ တချို့ကျတော့လည်း သူငယ်ချင်းရှိမှ အပေါင်းအဖော်တစ်ယောက် အနားမှာ ရှိနေမှ နေတတ်ကြပါတယ်။ သင့်ကိုယ်သင် အထီးကျန်တယ် တစ်ယောက်တည်းဖြစ်နေတယ်လို့ ထင်တာက သင့်အထင်ပါပဲ။ သင့်ဘဝ ပြီးပြည့်စုံဖို့ သင်တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။ အခြားသူတွေကို မလိုအပ်ပါဘူး။

၂။ လုပ်စရာတွေကို စာရင်းချရေးပါ အင်တာနက်မသုံးပါနဲ့

သူငယ်ချင်းမာျးဖို့ အင်တာနက်ပေါ်ကနေ ဆက်သွယ်ပါလို့ လူတိုင်း ပြောကြမှာပါ။ ဒါပေမဲ့ အင်တာနက်ပေါ်က သူငယ်ချင်းတွေက သင့်အထီးကျန်စိတ်ကို မကုသပေးနိုင်ပါဘူး။ အင်တာနက်ကို လူတွေနဲ့ တွေ့ဖို့ ချိန်းဆိုတဲ့အချိန်မှ သုံးပါ။ အင်တာနက်မသုံးဘဲ တခြား ပြင်ပ Activity တွေအတွက် အချိန်ပေးပါ။

၃။ သင်တန်းတွေတက်ပါ

သင်တန်းတွေတက်ပြီး အပေါင်းအသင်းအသစ်တွေ သူငယ်ချင်းအသစ်တွေရှာဖွေနိုင်ပါတယ်။

၄။ သင့်ဘဝမှာ ဆုံးရှုံးတဲ့အရာ

တစ်ခါတလေ အထီးကျန်တယ်လို့ ထင်ရတဲ့အရာက တကယ်တော့ အထီးကျန်နေတာမဟုတ်ပါဘူး။ ဆုံးရှုံးနေတာပါ။ ဥပမာ သင်က အလုပ်နဲ့လက် မပြတ်သူဆိုရင် အနားယူချိန် ကို တမ်းတတတ်ပါတယ်။ ဒီလိုအချိန်ဆိုရင် အထီးကျန်သလိုဖြစ်လာပါတယ်။ ဒါက အထီးကျန်တာမဟုတ်ပါဘူး။ သင့်ဘဝမှာ ပျောက်ဆုံးနေတဲ့အရာပါ။ ဒါကြောင့် ခွဲခြားသိပါစေ။

၅။ ကိုယ့်ခံစားချက်ကို ပြန်သုံးသပ်ပါ

ဘာလို့ အထီးကျန်တာလဲ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားပါ။ ဒီအထီးကျန်စိတ်ကို ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ပြန်စဉ်းစားပါ။ အထီးကျန်တာကို ဒီအတိုင်း လွှတ်ထားရင်တော့ ဆက်ပြီး အထီးကျန်နေဦးမှာပါပဲ။

Photo Source: Pinterest

By MyStyle Myanmar