လူတိုင်းက ကိုယ့်ဘဝရဲ့ ကိုယ်ပိုင် Main Character တွေပါပဲ။ ဒါပေမဲ့ သင်က Main Character တစ်ယောက်လို ပြုမူဖို့တော့ လိုအပ်ပါတယ်။ သင်က ဇာတ်လမ်းတွေ ကြည့်ဖူးရင် ဇာတ်လမ်းထဲက Main Character တွေဟာ သူများထက် ထူးခြားကာ ပိုကြိုးစားသူတွေ ဖြစ်တာကို သတိထားမိမှာပါ။ လူတွေကြားထဲ အမြဲ Main Character ပုံစံရဖို့ကလည်း အမြဲ ကြိုးစားနေမှ ရမှာပါ။ ဒီတော့ Side Character လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်တဲ့စိတ်ကနေ Main Character လို့ ကိုယ့်ကိုယ်ကိုယ် ခံစားလာရဖို့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ

သင့်ရဲ့ မျက်နှာ၊ ဆံပင်စတိုင်၊ ခန္ဓာကိုယ်အချိုးအစား၊ ဖက်ရှင်စတိုင် စတာတွေက Main Character တစ်ယောက်ဖြစ်လာဖို့ အရေးပါတဲ့ နေရာတွေမှာ ပါဝင်ပါတယ်။ သင့်ရဲ့ မျက်နှာအသားအရေ၊ မျက်နှာ အချိုးအစားကို အမြဲလှနေအောင် ဂရုစိုက်သင့်သလို ဆံပင်စတိုင်ကိုလည်း အမြဲ ပုံကျအောင် ကြိုးစားနေသင့်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား ကျနေဖို့တော့ လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပြီး စတိုင်ကျအောင် တခြားသူတွေရဲ့ ဖက်ရှင်တွေနဲ့ အကြံပေးချက်တွေကို လေ့လာနေသင့်ပါတယ်။

၂။ သင့်ကိုယ်သင် ယုံကြည်မှု တိုးစေတဲ့ ဆံပင်ပုံစံညှပ်ပါ

“ဆံပင် လုပ်မယ်၊ လုပ်မယ်” နဲ့ အချိန် မပေးနိုင်တဲ့ ပျိုမေတွေ ရှိပါတယ်။ သင့်အနေနဲ့ ဘဝရဲ့ Main Charater တစ်ယောက်ဖြစ်နေဖို့ ဆံပင်စတိုင်က အရေးပါ ပါတယ်။ ကိုယ်ဆိုးချင်တဲ့ ဆံပင်အရောင်ကို သွားဆိုးတာ၊ ဆံပင်ညှပ်တာ စတာတွေကို လုပ်နိုင်ပါတယ်။

၃။ မလိုဘဲနဲ့ စကားမပြောပါနဲ့

တစ်ခါတလေ စိတ်လှုပ်ရှား ပျော်ရွှင်တဲ့အခါ စကားအများကြီး ပြောမိသလို ဒေါသထွက်တဲ့အခါလည်း မလိုအပ်တဲ့ စကားအမှားတွေကို ပြောမိတတ်ပါတယ်။ ဘယ်လို အချိန်ပဲ ဖြစ်ပါစေ ကိုယ်ပြောစရာ ရှိတဲ့ စကားကိုပဲ ပြောသင့်ပြီး ကျန်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်နေသင့်ပါတယ်။

၄။ သင့်ရဲ့ ကိုယ်ကျင့်တရားနဲ့ အမူအကျင့်ကို သတိထားပါ

သင်ကိုယ်တိုင် သတိမထားမိဘဲ လုပ်မိတဲ့ လူတွေ မကြိုက်တဲ့ အမူအရာတွေ ရှိမှာပါ။ ဒါတွေကို သင်ကိုယ်တိုင် မသိနိုင်တာကြောင့် သင်နဲ့ ရင်းနှီးတဲ့ မိသားစဝင်တွေ၊ သက်ဆိုင်သူ၊ သူငယ်ချင်းတွေကို မေးနိုင်ပါတယ်။ သိတာနဲ့ သင့်ကိုယ်သင် ပြန်ပြင်သင့်ပါတယ်။

၅။ စကားပြောတဲ့အခါ မှန်ကန်စွာ ရွေးချယ် ပြောဆိုပါ

အပေါ်က နံပါတ် ၃ အချက်နဲ့ ဆင်တူပါတယ်။ ဘယ်လို စကားပဲပြောပြော ကိုယ်ပြောတဲ့စကားပေါ်မှာ အာရုံစိုက်သင့်ပြီး စကားလုံး ရွေးချယ် ပြောဆိုတတ်ဖို့ လိုအပ်ပါတယ်။

၆။ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ

စတိုင်ကျချင်တာကြောင့် အရောင် ကြောင်ကြောင်ကျားကျားတွေ ဝတ်စရာ မလိုပါဘူး။ ကိုယ်သဘောကျပြီး ကိုယ့်ခန္ဓာက်ိုယ်နဲ့ လိုက်ဖက်တဲ့ အင်္ကျီစတိုင်ကို ရှာသင့်ပါတယ်။ ဒီလိုရှာပြီး သပ်သပ်ရပ်ရပ် လှလှပပ ဝတ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar