အားလုံးပဲမင်္ဂလာပါနော်။ ယောကျ်ားလေးတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်ထဲက ကောင်မလေးတစ်ယောက်ဖြစ်ဖို့ဆိုတာ ရုပ်ရည်ချောမောနေတာတွေ ဥစ္စာပစ္စည်းပြည့်စုံနေတာတွေထက် ဒီလိုအရာတွေက သူတို့ကို ပိုပြီးဆွဲဆောင်မှုရှိစေကာ လက်တွေ့မှာ‌ ယောကျာ်းလေးတော်တော်များများ အဓိကရွေးချယ်ဆုံးဖြတ်လေ့ရှိတာကလည်း ဒီအချက်တွေကြောင့်ပဲ့ ဖြစ်ပါတယ်နော်။

သင့်ရဲ့ Personality နဲ့အတွင်းစိတ်က အပြင်ပိုင်းသွင်ပြင်ထက် ပိုပြီးအရေးကြီးပါတယ်။

လှပချောမောတဲ့ မိန်းကလေးတစ်ယောက်ကို ယောကျ်ားလေးတွေက နှစ်သက်စွဲလန်းကြပေမယ့်လည်း တကယ်တမ်း သူတို့ ရွေးချယ်တဲ့ မိန်းကလေး ဒီလိုမိန်းကလေးမျိုး မဖြစ်တတ်ကြပါဘူး။

မိန်းကလေးဆန်ပါ

သင့်ရဲ့ အမူအကျင့် အပြုံး ကိုယ်သင်းရနံ့တွေက မိန်းကလေး ဆန်နေပါစေ။ ယောကျ်ားလေးတစ်ယောက်က သင့်ကို စကားပြောလိုက်တိုင်းမှာ သင့်ရဲ့ ကိုယ်သင်းရနံ့တွေက တမူဆွဲဆောင်မှုရှိစေပါတယ်။

အသစ်အဆန်းတွေကို လေ့လာသင်ယူတတ်ပါစေ

မိန်းကလေးတွေအားလုံးဟာ ရိုးရိုးအေးအေး အိမ်မှာပဲ အိမ်တွင်းမှုကိစ္စလုပ်နေရမယ့်သူတွေမဟုတ်ပါဘူး။ အပြင်သွားပါ။ လူတွေနဲ့ တွေ့ဆုံမိတ်ဖွဲ့ပါ။ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းပါ။

စိတ်ဝင်စားမှုရှိပါ

အိမ်မှာပဲ အမြဲတမ်းထိုင်နေပြီး ဘာမှစိတ်ဝင်စားမှုမရှိတဲ့သူဟာ လူဖြစ်ရှုံးတာပါပဲ။ စစ်မှန်တဲ့ကမ္ဘာကြီးနဲ့ ထိတွေ့ပြီး စိန်ခေါ်လိုက်ဖို့ ဝန်မလေးပါနဲ့။

ယုံကြည်မှုရှိပါ

လူတိုင်းဟာ ၁၀၀% ပြည့်စုံမနေပါဘူး။ ဒါ့ကြောင့် ယုံကြည်မှုရှိပါ။

ယောကျ်ားလေးအပေါင်းသင်း မိတ်ဆွေထားပါ

ယောကျ်ားလေးအပေါင်းအသင်းမိတ်ဆွေထားပါ။ သူတို့ရဲ့ စိတ်နေသဘောထားကိုလည်းသိရသလို ကိုယ်နဲ့ ပုံစံမတူတဲ့ သူတစ်ယောက်အကြောင်းကိုလည်း အလွယ်တကူ လေ့လာလို့ရတာပေါ့နော်။