ပထမဆုံးချိန်းတွေ့တဲ့အခါ ရင်ခုန်မှုတွေ ၊ စိတ်လှုပ်ရှားမှုတွေနဲ့ နှစ်ယောက်စလုံးက ပြည့်နေတတ်ပါတယ်။ အထူးသဖြင့် အချစ်တွေနဲ့ပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးတွေတဲ့ First Date မှာ သဘာဝအတိုင်း အံဝင်ခွင်ကျဖြစ်နေမှသာ အချစ်ဇာတ်လမ်းလေးမှာ ဒုတိယချိန်းတွေ့ဖို့ အခွင့်အရေး ရလာမှာပါ။

Romantic Location

ပထမဆုံးချိန်းတွေ့တဲ့အခါ သင်သွားချင်မယ့် နေရာတစ်ခုကို စဉ်းစားကြည့်ပါ။ သွားမယ့်နေရာက သင်တို့အတွက် ရင်းနှီးပြီး ထူးခြားတယ်လို့ ခံစားရတဲ့ နေရာတစ်ခုကို ရွေးချယ်ကြည့်ပါ။ ဒါက ညစာနဲ့ ရုပ်ရှင်ထက် ပိုပြီး ရိုမန်းတစ်ဆန်ပါတယ်။

Activities

နှစ်ယောက်ကြာရင်းနှီးပြီး ခင်မင်ရင်းနှီးမှုကို တိုးပွားလာစေဖို့အတွက် ဒီအတိုင်းထိုင်ပြီးစကားပြောနေမယ့်အစား နှစ်ယောက်အတူတူလုပ်လို့ရမယ့် Activities လေးတွေလုပ်ကြည့်ပါ။

စကားဝိုင်းကို ဦးစားပေးပါ

တကယ်လို့ Activities မကြိုက်တဲ့လူဆိုရင် ပထမချိန်းတွေ့တဲ့အခါ သူတို့ကြိုက်တဲ့ တီးဝိုင်းတွေ၊ အစားအစာက ဘာလဲဆိုတာနဲ့ ခရီးသွားချင်တဲ့နေရာတွေလိုမျိုးစတဲ့ ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေနဲ့ စကားပြောကြည့်ပါ။ တစ်ဖက်လူကို လေးလေးနက်နက် စိတ်ဝင်စားမှုပြတာက ရုပ်ရှင်ကြည့်တာထက် ရိုမန်တစ်ဆန်ပါတယ်။

ဖုန်းကို ဖယ်ထားပါ

နှစ်ယောက်အတူရှိနေချိန် အမှတ်တရရှိစေဖို့ ဖုန်းနဲ့ဓာတ်ပုံရိုက်တာမျိုးကလွဲပြီး အတတ်နိုင်ဆုံး ဖုန်းကို လုံးဝမသုံးမိစေဖို့ သတိထားပါ။

သီချင်း

ရိုမန်းတစ်ဆန်တဲ့အရာတွေမှာ ချန်ထားလို့မရတာ သီချင်းပါ။ ပထမဆုံးချိန်းတွေ့တဲ့နေရာက ဘား ဒါမဟုတ် စားသောက်ဆိုင်ဆိုရင် ရိုမန်တစ်ဆန်တဲ့ သီချင်းလေးတစ်ပုဒ် ဖွင့်ခိုင်းလိုက်ပါ။ တကယ်လို့သင်က သီချင်းဆိုကောင်းတဲ့လူဆိုရင်တော့ ရင်ခုန်စရာတစ်ခုအနေနဲ့ သီချင်းလေးတစ်ပုဒ်လောက် ဆိုပြလိုက်ပါ။

အတူထိုင်ပါ

ဆိုင်မှာဖြစ်ဖြစ် အပြင်မှာဘဲဖြစ်ဖြစ် ထိုင်တဲ့အခါ မျက်နှာချင်းဆိုင်ထိုင်တာထက် ဘေးချင်းကပ်ထိုင်ကြည့်ပါ။ အတူထိုင်တာက တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးတယ်လို့ ခံစားစေပါတယ်။

နေတတ်သလိုနေပါ

စစ်မှန်တဲ့ကိုယ်ဟာ ရင်ခုန်စရာပါ။ သင်မဟုတ်တဲ့လူတစ်ယောက်လို ဟန်ဆောင်တာက တဖက်လူကို လှည့်စားတာနဲ့အတူတူပါပဲ။ ဒါကြောင့် ပွင့်လင်းပြီး ရိုးသားပါ။