မိတ်ကပ်လိမ်းနေမှ၊ ကိုယ့်ကိုယ်ကိုယ် အမြဲ ပြင်ဆင်နေမှ လှတာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အပြုအမူ၊ ကိုယ် လုပ်နေတဲ့ Skincare, Hair Care တွေကို ပြောင်းလဲကြည့်ရင်လည်း ပိုလှသွားနိုင်ပါတယ်။ သင်က မိတ်ကပ်မလိမ်းဘဲနဲ့ လှချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို နေ့တိုင်း ပြုလုပ်ပေးသင့်ပါတယ်။ ဒီတော့ ကြည်ု့လိုက်ရအောင်နော်-

၁။ ပိုက်နဲ့ ရေသောက်တာ

ပိုက်နဲ့ ရေသောက်ပေးတာက တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ပိုကောင်းတဲ့အပြင် သွားကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ဒီလို ပိုက်နဲ့ သောက်တဲ့အခါလည်း ပါးစပ်တည့်တည်ကို ပိုက်ထည့်တာထက် ဘေးဘက်လေးကနေ ပိုက်ကို စုပ်သောက်သင့်ပါတယ်။ ဒီလိုဆိုရင် ပိုချစ်ဖို့ကောင်းပါတယ်။

၂။ Accessories ပါးပါးလေးတွေ ဝတ်တာ

အထူးသဖြင့် လက်ပေါ်မှာ ဟန်းချိန်း ပါးပါးလေးတွေ ဝတ်ပေးတာ၊ လက်စွပ် သေးသေးလေးတွေ ဝတ်တာက သင့်ကို ပိုထူးခြားကာ ပိုစတိုင်ကျစေပါတယ်။

၃။ ဖြေးဖြေးလေး လှုပ်ရှားတာ

Photo source: Tenor

သင်က ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်ချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ပိုသိမ်မွေ့တဲ့ ပုံစံလေး၊ ပိုချစ်ဖို့ကောင်းတဲ့ ပုံစံလေးကို လိုချင်လို့ပဲ ဖြစ်ဖြစ် သင့်အမူအရာ၊ သင့်လှုပ်ရှားပုံတွေကို ဖြေးဖြေးလေး လုပ်သင့်ပါတယ်။ ဒီလို ပေါ့ပေါ့ပါးပါး ဖြေးဖြေးလေး လှုပ်ရှားတာက သင့်ကိုယ်သင် ပိုယုံကြည်မှုရှိတယ်လို့ ထင်ရစေပါတယ်။

၄။ ကော်ဖီအစားထိုး

ကော်ဖီ အသောက်များတဲ့ ပျိုမေတို့အနေနဲ့ ကော်ဖီနေရာမှာ Green Tea, Mint Tea စတာတွေနဲ့ အစားထိုး သောက်ကြည့်သင့်ပါတယ်။ Green Tea က သင့်ကျန်းမာရေးအတွက် ကောင်းတဲ့အပြင် သင့်အလှအပအတွက်လည်း ပိုအကျိုးရှိပါတယ်။

၅။ ခေါင်းမလျှော်ခင် ဆီထည့်တာ

မိတ်ကပ်မပါဘဲ ချစ်ဖို့ကောင်းနေဖို့ ဆံသား ကျန်းမာဖို့လည်း လိုအပ်ပါတယ်။ ခေါင်းမလျှော်ခင် ဆံပင် အဖျားတွေကို ဆီထည့်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် ဆံပင်အရင်ထက် အစိုဓာတ် ပိုရလာပါလိမ့်မယ်။ ဒါ့အပြင် Scalp Massage နဲ့ ဦးရေပြားကို နှိပ်နယ်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါလည်း လိမ်းထားတဲ့ အဆီတွေ စင်အောင် သေချာလျှော်သင့်ပါတယ်။

၆။ နှုတ်ခမ်းကို ဂရုစိုက်ပါ

သင့်နှုတ်ခမ်းလေးကို အမြဲ အစိုဓာတ် ရနေအောင် Lip Balm ပုံမှန် လိမ်းပေးသင့်ပါတယ်။ သဘာဝ ဆန်ဆန် လှနေဖို့ နှုတ်ခမ်းအတွက် သင့်တော်တဲ့ နှုတ်ခမ်းနီရောင်ကို ရွေးတတ်ဖို့လည်း လိုအပ်ပါတယ်။

၇။ ဆံပင်ညှပ်ပါ

သုံးလ၊ လေးလကြာတိုင်း သင့်ဆံပင်ကို တိပေးတာ ညှပ်ပေးတာ လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် ပျက်စီးနေတဲ့ ဆံသားတွေ ပါသွားစေပြီး သင့်ဆံပင်အရင်ထက် ပိုကျန်းမာလာပါလိမ့်မယ်။

၈။ နေ့တိုင်း Double Cleanse လုပ်ပါ

မိတ်ကပ်မပါဘဲ လှချင်တဲ့ ပျိုမေတို့အနေနဲ့ မျက်နှာ အသားအရေကို ဂရုစိုက်တဲ့အနေနဲ့ နေ့တိုင်း Double Cleansing လုပ်ပေးသင့်ပါတယ်။ Double Cleansing လုပ်ပေးရင် သင့်အသားအရေ အရင်ထက် ပိုကောင်းလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar