တစ်ခါတလေ ရည်းစားထားရတာက ပျော်ဖို့မကောင်းပါဘူး။ ဂျီကျတာ၊ သဝန်တိုတာ၊ ချုပ်ချယ်တာတွေကို နားငြီးအောင် နားထောင်ရတယ်။ သင်သာ လူတစ်ယောက်ကို တကယ်သဘောမကျဘူးဆိုရင် နားငြီးမှာ အမှန်ပါပဲ။ သင့်ပျော်ရွှင်မှုကို ပိုင်ဆိုင်ဖို့ အချိန်တိုင်း လူတွေနဲ့ ပေါင်းသင်းနေစရာမလိုပါဘူး။ ကိုယ်တစ်ယောက်တည်းလည်း ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါတယ်။ သင်က တစ်ယောက်တည်း ပျော်ပျော်နေတတ်ဖို့ သင်ယူနေသူဆိုရင် ဒီအချက်တွေအတိုင်း ကြိုးစားကြည့်ပါနော်-
၁။ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေကို ရှာဖွေပါ။ စာရင်းချရေးပါ။
၂။ Social Media ကနေ ခဏအနားယူပြီး တခြားလုပ်စရာရှိတာ လုပ်ကြည့်ပါ။
၃။ လူတွေအကူအညီမလိုဘဲ သင်တစ်ယောက်တည်း ပျော်နိုင်တယ်ဆိုတာ ယုံကြည်ထားပေးပါ။
၄။ ကိုယ့်ကိုယ်ကို စကားပြောတတ်ဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်အကြောင်းကိုယ်နားလည်အောင် ကြိုးစားကြည့်ပါ။
၅။ မလုပ်ဖူးတဲ့အလုပ်တွေကို စမ်းလုပ်ကြည့်ပါ။
၆။ ဖုန်းမသုံးဘဲ နေကြည့်ပါ။
၇။ သင်ကျေးဇူးတင်တဲ့အရာတွေအကြောင်း စဉ်းစားကြည့်ပါ။
၈။ ကိုယ့်ထင်မြင်ချက် အယူအဆကို လေးစားပါ။ အခြားသူတွေရဲ့ အယူအဆတွေကို ပြက်ရယ်မပြုပါနဲ့။
၉။ အကူအညီတောင်းတတ်ဖို့ အားမနာပါနဲ့။
၁၀။ တစ်ယောက်တည်းနေတတ်ခြင်းရဲ့ ကောင်းကျိုးတွေကို သဘောပေါက်အောင် လေ့လာကြည့်ပါ။
၁၁။ အမြဲစူးစမ်းပြီး နေထိုင်ပါ။
၁၂။ ကိုယ့်ကိုကိုယ် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ဂရုစိုက်ပေးပါ။
၁၃။ တိတ်ဆိတ်ခြင်းကို မြတ်နိုးပါ။
၁၄။ အချိန်ကို အကျိုးရှိစွာအသုံးချပါ။
၁၅။ ကိုယ့်အခန်း ပရိဘောဂတွေကို ပြန်စီမံပါ။
၁၆။ အရသာရှိတဲ့ အစားအသောက်တစ်ခုကို တစ်ယောက်တည်းစားကြည့်ပါ။
၁၇။ သက်တောင့်သက်သာဖြစ်တဲ့ နေရာတစ်ခုကနေ ရုန်းထွက်ပြီး တစ်ခုခု လုပ်ကြည့်ပါ။
၁၉။ အစီအစဉ်ဆွဲပါ။
၂၀။ တစ်ယောက်တည်း ဒိတ်ကြည့်ပါ။
၂၁။ တီထွင်ဖန်တီးမှုတွေကို ပြုလုပ်ကြည့်ပါ။
၂၃။ လေ့ကျင့်ခန်းလုပ်ပါ။
၂၄။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။
၂၅။ ရုပ်ရှင်သွားကြည့်ပါ။
၂၆။ ကိုယ်ဝါသနာပါတဲ့အရာတွေကို ရှာဖွေပါ။
၂၇။ သဘာဝတရားရှိရာဆီ အပန်းသွားဖြေပါ။
၂၈။ စေတနာ့ဝန်ထမ်းလုပ်ပါ။
၂၉။ တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ကို ဖျောက်ပါ။
၃၀။ ကိုယ့်ကိုကိုယ် လက်ခံပါ။
ဒီအချက်တွေအတိုင်း ကြိုးစားကြည့်ပါနော်။
Photo Source: Pinterest
By MyStyle Myanmar