မိန်းကလေးတိုင်းလိုလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိချင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ စကားက ပြောရတာ လွယ်ပေမယ့် တကယ် ဖြစ်လာအောင် လုပ်ဖို့က ခက်ခဲတတ်ပါတယ်။ ကိုယ့်အတွေးတွေကြောင့်၊ ကိုယ့်ငယ်စဉ်ဘဝက အတွေ့အကြုံတွေကြောင့်၊ ကိုယ့် ပတ်ဝန်းကျင်က လူအမျိုးမျိုးကြောင့် စသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ငယ်စဉ် ကလေးဘဝလောက် မရှိတတ်ကြတော့ပါဘူး။ ကလေးတွေဆိုရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူတို့ လုပ်ချင်တာကို မကြောက်မရွံ့ လုပ်တတ်တာကို သင် သတိထားမိမှာပါ။

သင်က ဒီလို ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်တွေကို လုပ်ကြည့်သင့်ပါတယ်။

၁။ အထင်သေးစကား

ကိုယ့်ကိုယ်ကိုယ် အားမရဘူး၊ အသုံးမကျဘူး စတဲ့ အထင်သေးစကားတွေကို ယုံကြည်မှု တက်ချင်တဲ့ မိန်းကလေးတွေ မပြောသင့်ပါဘူး။ ဒီလိုပဲ သင့်ကိုလည်း လူတွေက အထင်သေးသလို၊ ကဲ့ရဲ့သလို ပြောတာကိုလည်း မခံသင့်ပါဘူး။ သူတို့ ဝေဖန်စကားတွေထဲက လက်ခံလို့ရတာကိုပဲ လက်ခံပြီး အဓိပ္ပာယ်မရှိတာတွေဆိုရင် သည်းခံပြီး မနေသင့်ပါဘူး။

၂။ အမြဲ တက်တက်ကြွကြွနေပါ

လူတိုင်းက နေ့ရက်တိုင်းတော့ အလုံးစုံ မပျော်ရွှင်နိုင်ပေမယ့် ရက်အများစုမှာတော့ တက်တက်ကြွကြွ ဖြစ်အောင် နေသင့်ပါတယ်။ သင့်ကို အားပေးမယ့်သူ၊ ချီးကျူးမယ့် သူကို တကူးတက ရှာမနေဘဲ သင့်ကိုယ်သင် အားပေးသင့်ပါတယ်။ အမြဲ စိတ်ပျော်ရွှင်နေအောင် လုပ်နိုင်တာ လုပ်သင့်ပါတယ်။

၃။ စိတ်ဓာတ်ကျတဲ့နေ့တွေမှာ

သင်က အဆင်မပြေဘဲ စိတ်ညစ်နေတဲ့ ရက်တွေမှာ လုပ်နိုင်မယ့် အရာတစ်ခုကတော့ စိတ်ညစ်နေတာကို လူတွေ မသိရအောင် Face Mask ဝတ်လိုက်တာပါ။ ငိုထားတဲ့ ရက်တွေမှာဆိုရင် မျက်မှန်တပ်တာမျိုး လုပ်သင့်ပါတယ်။

၄။ သင့်ကိုယ်သင် ယုံကြည်မှု ရှိတယ်ဆိုတဲ့ ပုံစံမျိုးရအောင် ကြိုးစားပါ

Confidence ရှိချင်တဲ့ မိန်းကလေးတစ်ယောက်က မရှိသေးရင်တောင် တကယ် ရှိတဲ့ပုံစံ လုပ်သင့်ပါတယ်။ စကားကို တိတိကျကျ ရှင်းရှင်းလင်းလင်းပြောတာ၊ ခေါင်းမော့ပြီး ယုံကြည်မှု ရှိရှိ လမ်းလျှောက်တာ၊ ကြည့်ကောင်းအောင် နေတာ စတာတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ အမူအရာတွေ ဖြစ်ပါတယ်။ သင့်အမူအရာက အရေးအပါဆုံးပါပဲ။

၅။ လက်သည်းနီ လှလှလေး ဆိုးပါ

သပ်ရပ်ပြီး လှတဲ့ လက်သည်းနီတွေက သင့်ကိုယ်သင် ယုံကြည်မှုကို တိုးစေပါတယ်။ Nail Salon တွေမှာ လက်သည်းနီဆိုးတတ်တဲ့ အလေ့အကျင့်က Confidence Boost တဲ့ နည်းလမ်းပါပဲ။

၆။ အဆိုးမြင်စိတ်

အဆိုးမြင်စိတ်တွေက သင့်အတွက် ဘာမှ အကျိုးမရှိစေတဲ့အပြင် သင့်ရဲ့ ရှိတဲ့ ယုံကြည်မှုကိုပါ ကျဆင်းသွားစေပါတယ်။ ဒါကြောင့် အဆိုးမြင်စိတ်ကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။

၇။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ

ဒီလို ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ သင့်ကိုယ်သင် အမြဲ ပိုကောင်းအောင် ကြိုးစားတာ ပါဝင်ပါတယ်။ ဒီထဲ Self-Care လုပ်ဖို့ အရေးအကြီးဆုံးပါပဲ။

၈။ Comfort Zone ထဲကနေ ရုန်းထွက်ပါ

လူအများကြား စကားပြောတာက သင့်ကို သက်တောင့်သက်သာ မဖြစ်စေရင် ဒါကိုပဲ ဖိလုပ်ပါ။ တစ်နေ့ဆီမှာ သင့်ကို သက်တောင့်သက်သာ မဖြစ်စေတဲ့ အရာတွေကို တိုးလုပ်ပေးသင့်ပါတယ်။

၉။ တပါးသူနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ကိုယ်သင်နဲ့ တခြားသူကို နှိုင်းယှဉ်တာမျိုးတွေ လျှော့သင့်ပါတယ်။ တခြားသူကို သင့်ထက် သာတဲ့နေရာက တွေးပြီး သင့်ကိုယ်သင် အထင်သေးနေတာက ကိုယ့်တန်ဖိုးအရေးပါမှုတွေကို မေ့သွားစေနိုင်ပါတယ်။

၁၀။ သင့်ကို အပြုသဘော အတွေးပေးတဲ့ လူတွေနဲ့ နေထိုင်ပါ

သင့်ကို ကဲ့ရဲ့နေတဲ့သူတွေ၊ သင့်စိတ်ကို အဆိပ်အတောက် ဖြစ်စေတဲ့ လူတွေကို ရှောင်သင့်ပါတယ်။ သင့်စိတ်ကို ယုံကြည်မှု တိုးအောင် လုပ်ပေးတဲ့သူတွေ၊ သင့်ကို အားပေးတဲ့သူတွေနဲ့ပဲ သင့်ပတ်ဝန်းကျင်ကို ဝန်းရံထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar