Healthy Relationship ဆိုတာ လူတိုင်းလူချင်တဲ့အရာပါ။ ဒါပေမယ့် အလွယ်တကူရနိုင်တဲ့အရာတော့ မဟုတ်ပါဘူး။ Healthy Relationship ကိုရဖို့ အရေးကြီးဆုံးက ရိုးသားမှုပါ။ ဒါဆို သင့်ရဲ့လက်တွဲဖော်အပေါ် သင့်ရဲ့ရိုးသားမှုကို ဘယ်လိုပြသမလဲ ?

ယုံကြည်မှု ၊ ပွင့်လင်းမြင်သာမှု ၊ ရိုးသားမှုနဲ့ စိတ်ရှည်သည်းခံမှုတို့ကို အခြေခံပြီး လေးစားမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။

တစ်ဖက်သားရဲ့ စကားလုံးတွေနဲ့ ခံစားချက်‌တွေကို ပြစ်တင်ဝေဖန်တာမျိုးမရှိဘဲ ဂရုတစိုက် သေချာနားထောင်ပါ။

Relationship တစ်ခုမှာ နှစ်ယောက်ကြားက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

နှစ်ယောက်လုံးနဲ့သက်ဆိုင်တဲ့အရာတွေကို ဆုံးဖြတ်သည့်အခါ တစ်ယောက်နဲ့တစ်ယောက် လေးစားပါ။

လက်တွဲဖော်ရဲ့ခံစားချက်ကို မထိခိုက်စေဘဲ ပွင့်ပွင့်လင်းလင်း ပြောပါ။

သင့်လက်တွဲဖော်ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားပါ။

အချင်းချင်း စာတွေရေးတာ၊ ပုံပြင်တွေပြောတာ၊ ဒါမှမဟုတ် မှန်းဆဂိမ်းတွေ အတူတူကစားတာမျိုးလိုမျိုးနဲ့ ရင်းနှီးမှုရှိအောင်နေပါ။