ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ခဏခဏရန်ဖြစ်တာ၊ စိတ်ဆိုးစိတ်ကောက်တာတွေက ရှိလာမှာပါပဲ။ တော်တော်များများဖြစ်လေ့ရှိတာတော့ ရန်ဖြစ်ကြပြီ၊ စိတ်ဆိုးစိတ်ကောက်ကြပြီဆိုရင် ပြတ်မယ်ပြောပြီး ပြတ်ကြတာပါပဲ။ တကယ်တမ်းပြတ်တာတော့ မဟုတ်ဘူးပေါ့။ ခဏတာအဆက်အသွယ်ဖြတ်ကြတဲ့ သဘောပါပဲ။ ပြီးရင်လည်း ပြန်ပြီး အဆင်ပြေသွားကြတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူနဲ့ ဒီလို ရန်ဖြစ်၊ စိတ်ဆိုးစိတ်ကောက်ပြီး ပြတ်ဆဲနေချိန်မှာ စိတ်မညစ်ရအောင်၊ ဝမ်းမနည်းရအောင် ကိုယ့်ကိုယ်ကို ပျော်အောင်ထားနိုင်မယ့် နည်းလမ်းကောင်းလေးတချို့ကို မျှဝေပေးချင်ပါတယ်။

ဓာတ်ပုံရိုက်ပါ

မိန်းကလေးဆိုရင် ဓာတ်ပုံရိုက်ရတာ ဝါသနာမပါတဲ့သူရှားပါတယ်။ ပြီးတော့ ရိုက်လိုက်လို့ ပုံကောင်းကောင်းလေး၊ လှလှလေးထွက်လာပြီဆိုရင်လည်း ပျော်ကြတာပါပဲ။ ဒါကြောင့် အပြင်သွားပြီး ဓာတ်ပုံလျှောက်ရိုက်တာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ဓာတ်ပုံလှလှလေးတွေ ရိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်ပါ။

သူငယ်ချင်းတွေနဲ့ဒိတ်ပြီးမုန့်စားပါ

သူငယ်ချင်းတွေနဲ့ ဒိတ်ပြီး လျှောက်သွား၊ လျှောက်စားနေရရင် စိတ်ညစ်ဖို့အချိန်တောင်မရှိပါဘူး။ စိတ်ပေါ့ပါးပြီး ပျော်ရွှင်ရပါတယ်။ ဒါကြောင့် တစ်ယောက်ထဲနေပြီး လျှောက်တွေးနေပြီး ဝမ်းနည်းမနေပါနဲ့။

Funny တွေကြည့်ပါ

စိတ်ညစ်နေချိန်မှာ Funny တွေ ကြည့်တာတော့ အကောင်းဆုံးပါပဲ။ ရယ်ရတယ်၊ ပျော်ရတယ်၊ ဒီတော့ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေကို ခဏတာ မေ့သွားစေပါတယ်။

စာအုပ်ဖတ်ပါ

စိတ်တည်ငြိမ်အောင်၊ လျှော်တွေးနေတာမျိုးမဖြစ်အောင် စာအုပ်ဖတ်လို့လည်း ရပါတယ်။ စာအုပ်ဖတ်ရတာကြိုက်တဲ့သူဆိုရင် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲ စာအုပ်ထိုင်ဖတ်နေပါ။

Spa သွားပါ

စိတ်ဖိစီးမှုတွေပြေပျောက်ပြီး လန်းဆန်းသွားအောင်၊ စိတ်ပျော်ရွှင်ပြီး စိတ်ကြည်လင်သွားအောင် Spa သွားလို့လည်း ရပါသေးတယ်။

photo source: www.freepik.com