အထီးကျန်တယ် ဆိုတာက တစ်ယောက်တည်း နေမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ၊ မိသားစုတွေ ရှိတဲ့အချိန်မှာတောင် အထီးကျန်တဲ့ ခံစားချက်ကို ခံစားရတတ်ပါတယ်။ စုံတွဲ ရှိသူနဲ့ Single ဆိုရင်တော့ Single တွေက အထီးကျန်ခြင်း ခံစားရဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါပေမဲ့ အထီးကျန်တယ်ဆိုတာက အတွေး သပ်သပ်ပါပဲ။ ကိုယ့်ကိုကိုယ် ကျေနပ်စိတ်နဲ့ ပျော်ပျော်နေမယ်ဆိုရင် ဒီစိတ်က ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ နည်းလမ်းသိမှ ပျော်ပျော်နေနိုင်မှာပါ။ ဒီတော့ တစ်ယောက်တည်းဖြစ်နေလည်း ပျော်ပျော်နေနိုင်ဖို့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ကိုယ့်ကိုကိုယ် ချစ်ပါ

ဒါကတော့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်ပါပဲ။ ကိုယ့်ရဲ့ ကောင်းတာရော အားနည်းချက်တွေကိုပါ အသိအမှတ်ပြုသင့်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကိုယ့်ကိုကိုယ် အားပေးသင့်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ရပါမယ်။ ဒါတွေက ကိုယ့်ကိုကိုယ် ချစ်တာပါပဲ။

၂။ ကိုယ့်အကြောင်းကိုယ်သိပါ

သင်က လူတစ်ယောက်ကို စိတ်ဝင်စားရင် သူ့အကြောင်း အကုန်သိသလိုပါပဲ။ ကိုယ့်အကြောင်း ကိုယ် သိရပါမယ်။ ကိုယ်က ဘယ်အရာတွေကို သဘောမကျဘူးလဲ။ ဘယ်အရာကို ကြိုက်လဲ သိထားသင့်ပါတယ်။ ဒီလိုမှ တစ်ယောက်တည်း ဖြစ်တဲ့အချိန် သဘောကျတဲ့ အရာကို လုပ်နိုင်မှာပါ။

၃။ ကျန်းမာတဲ့ ဘဝနေထိုင်မှု တစ်ခု ပျိုးထောင်ပါ

ကျန်းမာတဲ့ ဘဝနေထိုင်မှုက ကိုယ့်ကိုကိုယ် ယုံကြည်မှုကို တိုးပွားစေပါတယ်။ အားကစား လုပ်တဲ့သူက တခြားသူထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ စိတ်က သင့်ကို တစ်ယောက်တည်း ဖြစ်နေရင်တောင် စိတ်ချမ်းသာစေမှာပါ။

၄။ ကိုယ်သဘောကျတဲ့ အရာကို ရှာဖွေပါ

တစ်ယောက်တည်း ဘဝမှာ ဘယ်အရာကို ဝါသနာပါလဲ ၊ ဘယ်အရာကို ကြိုက်လဲ သိထားသင့်ပါတယ်။ တစ်ယောက်တည်း ဘဝမှာ အားသာချက်က ကိုယ်သဘောကျတဲ့ ဝါသနာအသစ်တွေကို ရှာဖွေနိုင်တာပါပဲ။

၅။ တစ်ယောက်တည်း ခရီးသွားပါ

တစ်ယောက်တည်း ခရီးသွားမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ဘယ်သူ့မျက်နှာမှ လိုက်ကြည့်နေစရာမလိုတော့ပါဘူး။ Solo Trip က ကိုယ်ဘယ်အရာကို လိုချင်တာလဲ အတိအကျ သိစေပါတယ်။

၆။ ကိုယ့်ကိုကိုယ် လက်ခံပါ

တစ်ယောက်တည်း ဖြစ်နေလို့ ကိုယ့်ကိုကိုယ် အပြစ် တင်စရာမလိုပါဘူး။ လူတိုင်းက သူ့နည်းသူ့ဟန်နဲ့ လှပြီးသားပါ။ တော်ပြီးသားပါ။

၇။ နေရကျိုးနပ်တဲ့ ဘဝတစ်ခု

အပေါင်းအဖော် လိုက်ရှာနေတယ် ဆိုကတည်းက ကိုယ့်ကိုကိုယ် အာရုံမစိုက်လို့ပါ။ နေရကျိုးနပ်တဲ့ ဘဝဆိုတာ ကိုယ်လုပ်ချင်တာတွေ အာရုံစိုက်လုပ်ရင်း ပျော်စရာ ကောင်းတဲ့ ဘဝပါ။ ကိုယ့်ဘေးပတ်လည်မှာ ကိုယ်နှစ်သက်တဲ့ အရာတွေကို အမြဲဝန်းရံထားပေးသင့်ပါတယ်။ ဒီလိုဆိုရင် တစ်ယောက်တည်း ဖြစ်လည်း စိတ်ညစ်စရာမရှိတော့ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar