ပိုက်ဆံအကုန်ကျများပြီးမှာ ပျော်ရမယ်ဆိုတဲ့အနေထားကိုတော့ လက်မခံချင်ပါဘူးနော်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဆိုတာက ငွေကြေးနဲ့လည်းမဆိုင်ပါဘူး။ စိတ်ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်တွေက ကိုယ်စိတ်ကိုကြည်နှုးမှုပေးတာ စိတ်ရှင်းရှင်းနဲ့နေရတာမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ ခေတ်မှီတိုးတက်လာတာနဲ့အမျှ လူတွေရဲ့ပျော်ရွှင်ခြင်းကလည်း တဖြည်းဖြည်းနဲ့လျော့နည်းလာတတ်ကြပါတယ်။ အသက်တွေကြီးလာလေလေ တာဝန်ယူရတာတွေလည်း များလာမယ်။ ဒါကြောင့် ခဏတာပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပျော်ရွှင််မှုကို ပေးနိုင်တဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

Positive ဖြစ်တဲ့အတွေးတွေတွေးပေးပါ

ကိုယ့်ရဲ့အတွေးတွေကလည်း ကိုယ့်ရဲ့စိတ်ကို ပျော်စရာလည်းပေးနိုင်သလို စိတ်ညစ်စရာတွေလည်း ဖြစ်စေနိုင်ပါတယ်။အကြောင်းအရာတစ်ခုခုကြောင့် ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်တောင် အဲ့ပြဿနာကဘယ်လို ဖြစ်တာလဲ၊ ဘာတွေမှားသွားလို့ ဒီပြဿနာဖြစ်လာရတာလဲ စသည်ဖြင့်ပေါနော်။ ခေါင်းထဲမှာ Negative တွေများနေရင်လည်း စိတ်ပျော်ရွှင်ဖို့ထက် Stressဖြစ်စေဖို့အတွက် ပိုတွန်းအားပေးသလို ဖြစ်နေပါလိမ့်မယ်နော်။

ဂီတရဲ့အရသာကိုခံစားပါ

သီချင်းအကျယ်ကြီး ဖွင့်ပြီးအော်ဆိုတာမျိုးဖြစ်ဖြစ်၊ သံဇာဉ်နဲ့အတူတူ ကခုန်တာမျိုးက စိတ်ကိုပေါ့ပါးစေနိုင်ပြီး  အသက်ပိုငယ်သွားသလို ခံစားရစေမှာပါနော်။ ရေချိုးခန်းထဲမှာ ကိုယ်ရတဲ့သီချင်းတွေ စိတ်ကျေနပ်သလောက်ဆိုတာမျိုးလုပ်ကြည့်ပါ။ငယ်ငယ်တုန်းကလို ပန်ကာကြီးဖွင့်ပြီး ကိုယ်ပြောချင်တာအော်ပြောတာမျိုးလည်း စိတ်ကိုပေ့ါပါးစေနိုင်ပါတယ်။

ချစ်ရတဲ့သူတွေ အချိန်ဖြုန်းပါ

ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ဖြုန်းရတာကလည်း စိတ်ကိုHealing လုပ်ခြင်းတစ်မျိုးပါနော်။ အရင်ကမပေးဖြစ်ခဲ့တဲ့ အချိန်တွေကို ချစ်ရတဲ့မိသားစုတွေနဲ့အတူ မုန့်လုပ်စားတာမျိုး၊ စကားလေးတွေထိုင်ပြောပြီး ဂိမ်းအတူတူကစားတာမျိုးလုပ်ကြည့်ပါ။ မွန်းကြပ်နေတဲ့ စိတ်ကိုပျော်ရွှင်စေတဲ့အပြင် ကိုယ့်မိသားစုရဲ့ နွေးထွေးမှုပါခံစားရစေမှာပါနော်။

Photo Source – Freepik