သူများတွေလို bff တွေ၊ တကယ်ခင်ရတဲ့သူငယ်ချင်းဆိုတာမျိုးတွေ မရှိတဲ့သူတွေအတွက် တစ်ယောက်ထဲလည်း ပျော်ရွှင်အောင်နေလို့ရမယ့်နည်းတွေကို ပြောပြပေးလိုက်ပါတယ်။ သူငယ်ချင်းမရှိလို့ဆိုပြီး အားငယ်နေမယ့်အစား ဒီအရာတွေကိုသာလုပ်ကြည့်ပါ။

ကိုယ်နှစ်သက်တဲ့အရာတွေပေါ်မှာ focus ထားပါ

ကိုယ်နှစ်သက်တဲ့အရာ ၃ ခုလောက်ကိုရွေးပြီး focus ထားလိုက်ပါ။ ဥပမာ – စားသောက်တာ၊ လမ်းလျှောက်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ အပင်စိုက်တာ စတဲ့ ကိုယ်နှစ်သက်တာတွေကို ရွေးထုတ်ပြီး နေ့တိုင်း ဒီအရာတွေကို လုပ်သွားပြီး ဒါတွေနဲ့ အချိန်ကုန်ဆုံးပါ။ စိတ်ပျော်ရွှင်ကျေနပ်မှုရစေပါတယ်။

တခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုနှိုင်းယှဉ်တာတွေဟာ စိတ်အားငယ်မှု၊ ဝမ်းနည်းမှုတွေပဲ ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

Social media သုံးတာကိုလျှော့ပါ

Social media ကို အရမ်းသုံးတာဟာ စိတ်ဖိစီးမှုရစေပါတယ်။ Social media ကိုလျှော့သုံးပြီး တကယ့်လက်တွေ့ဘဝမှာသာ ကိုယ့်အတွက်အကျိုးရှိမယ့်အရာတွေကို များများလုပ်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်လုပ်ရင် ခန္ဓာကိုယ်လှပပြီး ကျန်းမာလာပါမယ်။ စိတ်ဖိစီးမှုတွေလည်း လျော့ကျစေတယ်။ ကိုယ်ရောစိတ်ပါ ပေါ့ပါးစေပါတယ်။

Volunteer လုပ်ပါ

သူငယ်ချင်းအပေါင်းအသင်းမရှိလို့ စိတ်ညစ်ပြီး ဝမ်းနည်းနေရင် Volunteer သာလုပ်ပါ။ အသိမိတ်ဆွေတွေလည်း ပေါများလာမယ့်အပြင် ကုသိုလ်လည်းရစေပါတယ်။

မိသားစုနဲ့အချိန်ကုန်ဆုံးပါ

သူငယ်ချင်းမရှိလည်း မိသားစုရှိတာကြောင့် မိသားစုနဲ့သာ ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးလိုက်ပါ။ မိသားစုနဲ့ အပြင်သွားတာ၊ မုန့်လျှောက်စားတာ၊ ရုပ်ရှင်ကြည့်တာ၊ ခရီးထွက်တာ အားလုံးလုပ်လို့ရပါတယ်။

ခွေး၊ ကြောင်မွေးပါ

ခွေးလေးတွေ ကြောင်လေးတွေမွေးတာက အရမ်းအဖော်ရပြီး စိတ်ပျော်ရွှင်ရပါတယ်။ သူငယ်ချင်းမရှိလည်း သူတို့လေးတွေရှိရင်ကို စိတ်ချမ်းသာနေရသလို ခံစားမှုမျိုး ရစေပါတယ်။