တချို့လူတွေက အရာအားလုံးနဲ့ အထီးကျန်နေမှာကို ကြောက်တတ်ကြပါတယ်။ တကယ်တော့ လူအများနဲ့နေရတာထက် တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ်။ တစ်ယောက်တည်း အချိန်ဖြုန်းရတာလောက် လွတ်လပ်တာမျိုးမရှိပါဘူး ။ တစ်ယောက်တည်းဖြစ်တဲ့အခါ စိတ်ဓာတ်မကျပါနဲံ ။ တစ်ယောက်တည်း ပျော်ရွှင်တတ်အောင် သင်ယူပါ။

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဥ်ပါနဲ့

ဆိုရှယ်မီဒီယာပေါ်မှာ တခြားလူတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာက သင့်ကို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို လေးစားမှုတွေ နည်းလာစေပါတယ် ။ လူတိုင်းက မတူညီတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာကို သတိရပါ။

လိုချင်တာကို ရှင်းရှင်းလင်းလင်း သိပါစေ

ကိုယ်ဘာဖြစ်ချင်လဲ ၊ ဘာကိုလိုချင်တာလဲ သေချာသိအောင်လုပ်ပါ။ ကိုယ့်ကိုကိုယ် ဘယ်လိုပုံစံနဲ့ ဖွံ့ဖြိုးအောင်လုပ်မလဲဆိုတာ အစီအစဉ်တစ်ခုဖန်တီးပါ။

မနက်ပိုင်းစောစောထပါ

တစ်နေ့တာအတွက် လန်းဆန်းတက်ကြွနေဖို့ စောစောထဖို့က အရေးကြီးပါတယ်။ မနက်ခင်း အိပ်ရာက ထတာနဲ့ နေရောင်ခြည် တိုက်ရိုက်ရဖို့ မိနစ် ၂၀ လောက် လမ်းလျှောက်တဲ့ အလေ့အကျင့်တစ်ခု ဖန်တီးပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်း အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်ကောင်ရင် ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို တိုးစေပြီး ပျော်ရွှင်မှုကို ပိုခံစားရစေပါတယ်။

ဝါသနာပါတာကိုလုပ်ပါ

တစ်ခါတစ်လေ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က ဝါသနာနဲ့ ထပ်တူမကျတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်စိတ်ပျော်ရွှင်ဖို့ သင်ဝါသနာပါတဲ့အလုပ်ကို အားတဲ့အချိန်မျိုးမှာ လုပ်ပေးပါ။

အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးပါ

စိတ်ခံစားမှုကို ပံ့ပိုးပေးတဲ့ တိရစ္ဆာန်တွေက သင့်အတွက် ပျော်ရွှင်မှုကို သယ်လာပေးတာမလို့ သင့်အနားမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေရှိရင် သင်ဘယ်တော့မှ အထီးကျန်မှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ဦးစားပေးပါ

တခြားလူတွေရဲ့ဘဝကို တွေးမနေဘဲ ကိုယ်လိုအပ်တာ ကိုယ်ဖြစ်ချင်တာကို ဦးစားပေးပါ။ ဒါက သင့်ဘဝစိတ်ချမ်းသာဖို့ အဓိကသော့ချက်ပါပဲ။