ချစ်သူနှစ်ဦးကြားမှာ အဆင်ပြေပြေနဲ့ ခရီးလမ်းအဆုံးထိလျှောက်ဖို့ဆိုတာ တော်တော်လေးမလွယ်ကူတဲ့ အရာမျိုးပါနော်။ အခက်အခဲတွေဖြစ်တိုင်း တစ်ယောက်ဘေးမှာ တစ်ယောက်ရှိဖို့ဆိုတာကလည်း ခက်ခဲတဲ့အခြေအနေမျိုးပါ။ တစ်ယောက်နဲ့တစ်ယောက်ကလည်း သံသယရှင်းရှင်းနဲ့ ချစ်ဖို့ကလည်း အရေးကြီးပါတယ်။ သဘောကျပြီး လက်တွဲမယ်ဆိုကတည်းက ဘယ်အချက်တွေက ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေနိုင်လဲဆိုတာ အကြံပေးချင်ပါတယ်။

အတိတ်တွေမေ့လိုက်ပါ


တစ်ချို့အရာတွေမှာ အတိတ်ကဖြစ်ရပ်တွေကို မေ့လိုက်တာက လက်ရှိအခြေအနေမှာ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကိုယ်ကဒီလူတစ်ယောက်ကို ချစ်လို့ပဲလက်တွဲခဲ့တာလေ သူရဲ့အတိတ်ကို သင်ပုန်းချေပြီး အရာအားလုံးကိုမေ့လိုက်သင့်ပါတယ်။ ဒါမှလည်း စိတ်ရှင်းရှင်းနဲ့ ဆက်ချစ်လို့ရမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်အချိန်ပေးပါ


ဘယ်လောက်ပဲချစ်တယ်ပြောပြော ကိုယ်ပိုင်ဘဝကိုယ်စီနဲ့မို့ ကိုယ်ပိုင်အချိန်တွေရှိဖို့လိုအပ်ပါတယ်။ အချိန်တော်တော်များများကို တတွဲတွဲနေတာက အချိန်ကြာလာတဲ့အခါ စိတ်ကိုမွန်းကြပ်စေတဲ့အပြင် ကိုယ့်ရဲ့အချိန်တွေသူ့ကိုပဲ ပေးနေရတယ်ဆိုပြီး စိတ်ကွက်လာတတ်ကြပါတယ်။ ကိုယ်ပိုင်အချိန်က လူတစ်ယောက်အတွက် အရေးကြီးဆုံးအရာလည်းဖြစ်ပါတယ်။

ယုံကြည်မှုပေးပါ


နားလည်မှုတို့ ယုံကြည်မှုဆိုတာက Relationship တွေကြားမှာ အလိုအပ်ဆုံးအရာဖြစ်ပါတယ်။ တွဲလာတဲ့တစ်လျှောက်မှာ ယုံကြည်မှုတွေပျက်စီးသွားရင်လည်း ပြန်ပြီးတစ်ဖန် ယုံကြည်ဖို့က ခက်ခဲသွားတတ်ပါတယ်နော်။

Photo Source – Free.pik