သင်က အခုအချိန်မှာ အသည်းကွဲနေတယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါ။ ကိုယ် အသည်းကွဲနေတဲ့အခါ ကိုယ့်ကို ထားခဲ့တဲ့ သူအပေါ် မုန်းတီးနာကျည်းတာ၊ ပြန်လာစေချင်တာ စတဲ့ အရာအမျိုးမျိုး ဖြစ်စေချင်ကြပါတယ်။ အခုဖော်ပြတဲ့ အချက်တွေကတော့ အသည်းကွဲသူတိုင်း အကောင်းဘက်ကနေ မဖြစ်မနေ လုပ်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ လူမြင်ကွင်းကနေ ၆ လလောက် ပျောက်သွားတယ်ဆိုတာထက် ကိုယ်ရည်ရွယ်သူ ရှေ့ကနေ ၆ လ လောက် ပျောက်သွားတယ် ဆိုရင် ပိုမှန်ပါမယ်။ ဒီတော့ ၆ လ အတွင်း သင့်ကိုယ်သင် ပြောင်းလဲသွားအောင် ဘာတွေလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-
၁။ ပုံမှန် လေ့ကျင့်ခန်း လုပ်သွားပါ
ဘယ်နေ့မှာ ဘာလေ့ကျင့်ခန်း လုပ်မယ်ဆိုတဲ့ Routine တစ်ခု ဖန်တီးသင့်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းတွေကို ရှာဖွေကာ စုစည်းထားသင့်ပါတယ်။ နေ့တိုင်း ဒါမှမဟုတ် ပုံမှန် လေ့ကျင့်ခန်း လုပ်သွားရပါမယ်။
၂။ တရားထိုင်ပါ
ဒီ ၆ လအတွင်း လုပ်ပေးရမှာကတော့ တရားထိုင်တာပါ။ တရားထိုင်ခြင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ကူညီပေးမယ့် အလေ့အကျင့် တစ်ခုပါ။
၃။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုစားပါ
သင်စားတဲ့ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်တာတွေဆီ ဖြည်းဖြည်းချင်း ပြောင်းသွားသင့်ပါတယ်။ ၆ လ အတွင်း ဒီလို စားပေးမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်နဲ့ အသားအရေ ပြောင်းလဲလာပါလိမ့်မယ်။
၄။ တစ်ပတ်မှာ တစ်ခါ Dopamine Detox လုပ်ပါ
Dopamine Detox ဆိုတာကတော့ Dopamine ကို မြင့်တက်စေတဲ့ ကိုယ်စွဲလန်းနေတဲ့ အရာတွေကို ဖြတ်တောက်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ- Social Media သုံးလွန်းတာ၊ ဗီဒီယို ဂိမ်းဆော့လွန်းတာ စတဲ့ အရာတွေက စွဲလန်းစေတဲ့ အရာတွေ ဖြစ်ပါတယ်။ သင်က တစ်ပတ်မှာ တစ်ခါ ဒီစွဲလန်းမိတဲ့ အရာတွေကို ဖြတ်တောက်ပေးရမှာပါ။
၅။ သင့်ပန်းတိုင်တွေဆီ ပုံမှန်သွားနေပါ
အရင်က အချစ်နောက် လိုက်ခဲ့သမျှ အခုအချိန်မှာ ကိုယ့်မှာ ရှိတဲ့ ရည်မှန်းချက် ပန်းတိုင်တွေဆီပဲ အာရုံစိုက်သင့်ပါတယ်။
၆။ ကျေးဇူးတင်ကြောင်း ချရေးပါ
သင့်ကို ထားခဲ့တဲ့ သင့်ရည်းစားဟောင်းကလည်း ကျေးဇူးတင်စရာပါပဲ။ ကိုယ့်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကျေးဇူးတင်စရာ ကောင်းတဲ့အရာတွေကို ချရေးသင့်ပါတယ်။
၇။ ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင်ကို လိုက်ရှာပါ
သင့်ပုံစံနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်ကို ၆ လအတွင်း ရှာတွေ့အောင် ကြိုးစားသင့်ပါတယ်။
၈။ မိတ်ဆွေ အတုအယောင်တွေကို ရှောင်ရှားပါ
ဒီ လမ်းခွဲခြင်းနဲ့အတူ သင် ကျရှုံးနေတဲ့အချိန်မှာ သင့်နားမှာ ရှိတဲ့ သူတွေက မိတ်ဆွေကောင်းလား၊ မိတ်ဆွေစစ်လား တဖြည်းဖြည်း သိလာပါလိမ့်မယ်။ မိတ်ဆွေ အတုအယောင်လို့ ထင်မိတာနဲ့ ဝေးဝေး ရှောင်သင့်ပါတယ်။
၉။ Journaling နဲ့ စာဖတ်တာကို နေ့တိုင်းလုပ်ပါ
သင့်ကိုယ်သင် ပြန်သုံးသပ်နိုင်ဖို့ Journaling ပုံမှန် လုပ်သင့်ပါတယ်။ ဒါ့အပြင် စာအုပ်တွေကိုလည်း နေ့တိုင်း ဖတ်သင့်ပါတယ်။
သင်က ဒီအရာတွေကို ၆ လအတွင်း မပြတ်လုပ်မယ်ဆိုရင်တော့ သင့်ရည်းစားဟောင်းက နောင်တရနေမှာ မလွဲမသွေပါပဲ။ သူ့ထပ်လည်း သုံးလေးဆ ပိုသာသွားပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar