မင်္ဂလာပါနော်။ အလှအပဆိုတာ သင့်ရဲ့ အသားအရေ ဆံကေသာ ခန္ဓာကိုယ်နဲ့ သင့်ရဲ့ အတွင်းစိတ်အလှလည်းပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ မလှတဲ့သူဆိုတာ မရှိပါဘူး။ အလှချင်းမတူကြတာပဲရှိတာပါ။

သင့်ကို အမြဲတမ်း လှနေစေဖို့အတွက် အဆင့် (၇) ဆင့်ကို မျှဝေပေးချင်ပါတယ်။

သွားလေးတွေပေါ်အောင်ပြုံးပါ

အမြဲတမ်း ပြုံးတဲ့အခါ ဟန်ဆောင်မှုကင်းကင်းနဲ့ သွားလေးတွေ ပေါ်အောင်ပြုံပေးပါ။ သင့်ရဲ့ သွားလေးတွေကို ဂရုစိုက်ပါ။ ညအိပ်ယာမဝင်ခင် ပုံမှန်သွားတိုက်ပေးပါ။

မိတ်ကပ်အများကြီးလိမ်းစရာမလိုပါဘူး

သင်လှဖို့အတွက် မိတ်ကပ်အများကြီးလိမ်းစရာမလိုပါဘူး။ သဘာဝကျကျ မိတ်ကပ်ပုံမျိုးကိုပဲ လိမ်းခြယ်သင့်ပါတယ်။

နေလောင်ဒဏ်မှ ကာကွယ်မယ်

သင့်အသားအရေကို နေရောင်ခြည်မှ ကာကွယ်ပါ။ နေရောင်ခြည်ကနေ ကာကွယ်ပေးမယ့် Sunscreen တွေ နေ့တိုင်းလိမ်းပေးပါ။

အသားအရေကို ထိန်းသိမ်းပါ

အသားအရေကို နေ့စဉ် သန့်ရှင်းပါ။ စိုပြေအောင်ထိန်းသိမ်းပါ။ နေပူထဲသွားရင် နေကာမျက်မှန်တပ်ပေးပါ။

သင်နဲ့ လိုက်ဖက်တဲ့ဖက်ရှင်ကို ရွေးချယ်ပါ

သင်နဲ့ လိုက်ဖက်ပြီး သင့်ကိုပိုလှစေတဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ပါ။ အရောင်အရမ်းရင့်ရင့်တွေ တောက်တောက်တွေအစား သဘာဝကျတဲ့ အရောင်လေး တွေကိုပဲရွေးချယ်ဝတ်ဆင်ပါ။ MyStyle Myanmar မှာလည်း ဖက်ရှင်တွေအကြောင်းအများကြီးဖော်ပြထားတယ်နော်။

သင့်ရဲ့လက်သည်းခြေသည်းလေးတွေကိုဂရုစိုက်ပါ

သင့်အသားအရေကို ဂရုစိုက်သလို သင့်ရဲ့ လက်သည်းခြေသည်းလေးတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ သင့်ရဲ့ လက်သည်းခြေသည်းလေးတွေကို ပုံမှန်ညှပ်ပေးပါ။ သန့်ရှင်းရေးလုပ်ပါ။ လက်နဲ့ခြေထောက် အသားအရေကိုလည်း ဂရုစိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် လက်သည်း ခြေသည်းကို သံပရာသီးနဲ့ ပွတ်ပေးပါ။

ဆံကေသာကို ထိန်းသိမ်းမယ်

သင့်ရဲ့ ဆံကေသာကို နေ့စဉ်ထိန်းသိမ်းမှုလုပ်ပါ။ နေပူထဲသွားရင် ထီး၊ ဦးထုပ်ဆောင်းပေးပါ။ ခေါင်းလျှော်တိုင်း ဆံပင်အဖျားလေးတွေကို ပေါင်းတင်ပေးပါ။ ဆံပင်ပုံသွင်းစက်တွေကိုရှောင်ပါ။ နေ့စဉ် ဆံပင်စည်းထားတာမျိုး ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားတာမျိုးရှောင်ပါ။